Latest News

Tuesday, December 26, 2017

ဘဲအစာ ဈေးနှုန်းမြင့်ပြီး ဥဈေးကျသောကြောင့် ဥစားဘဲမွေးမြူသူများ အခက်တွေ့နေ

ဘဲအစာ ဈေးနှုန်းမြင့်ပြီး ဥဈေးကျသောကြောင့် ဥစားဘဲမွေးမြူသူများ အခက်တွေ့နေ

မွန်ပြည်နယ် သထုံမြို့နယ်၌ ဘဲအစာ ဈေးနှုန်းများမြင့်တက်နေပြီး ဥဈေးနှုန်း ကျသောကြောင့် တစ်နိုင်တစ်ပိုင် ဥစားဘဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲနှင့် ရင်ဆိုင်နေရပြီး  အချို့မှာ လုပ်ငန်းများ  ရပ်နားထားရကြောင်း ဥစားဘဲမွေးမြူသူများထံမှ သိရသည်။

''ထိုင်းဘက်က      ဘဲဥတွေက ဈေးကွက်ထဲ ဝင်နေတော့ ဒီက ဥတွေက ဈေးမရဘူး၊ သူတို့ဆီက ဘဲဥက အလုံးလှ တယ်၊ ကြီးတယ်၊ ဒါပေမယ့် ဒေသဘဲဥတွေ လောက်တော့ ကြာကြာ အထားမခံဘူး၊ ဥတွေကဈေးမရတဲ့ကြားထဲ အစာဈေး တွေကလည်း လိုက်တက်နေတော့ တော် တော်လေး အခက်အခဲဖြစ်ကြပါတယ်'' ဟု ကျိုက္ကော်-ကတိုက်ကြီး လမ်းနံဘေး၌ ဥစားဘဲမွေးမြူရေးလုပ်ငန်း  တစ်နိုင် တစ်ပိုင် လုပ်ကိုင်သူ ကိုဝင်းနိုင်က ပြော သည်။

ဥစားဘဲများကို အစာအဖြစ် ဆန်ကွဲ နှင့် ပုစွန်ဖွဲရော၍ ကျွေးရပြီး ယခင်နှစ်က ဆန်ကွဲ တစ်အိတ်လျှင် ငွေကျပ် ၁၁ဝဝဝ၊ ပုစွန်ဖွဲတစ်အိတ်လျှင် ငွေကျပ် ၂၈ဝဝဝ ခန့်ရှိခဲ့သော်လည်း ယခုနှစ်တွင် ဆန်ကွဲ တစ်အိတ်လျှင်ငွေကျပ် ၁၄ဝဝဝ၊  ပုစွန်ဖွဲ တစ်အိတ်လျှင် ငွေကျပ် ၂၉ဝဝဝ ခန့် ဈေးပေါက်နေကာ ဥဈေးမှာ ယခင်နှစ်က ခြံပေါက်ဈေးငွေကျပ် ၁၃ဝ  ခန့်ရခဲ့သော် လည်း  လက်ရှိအချိန်တွင် ငွေကျပ် ၁၂ဝ နှင့်  ၁၂၅  ဝန်းကျင်ခန့်သာရှိကြောင်း  ¤င်းက  ပြောသည်။

သထုံမြို့နယ်တွင် ဥစားဘဲတစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်သူအရေ အတွက် ၄ဝ ခန့်ရှိပြီး လက်ရှိအချိန်တွင် လုပ်ကိုင်သူထက်ဝက်ခန့်မှာ လုပ်ငန်း ရပ်နားထားရကြောင်း၊  ဥစားဘဲများကို သီတင်းကျွတ်လဆန်းပိုင်းမှ  စတင်၍ မွေးမြူကြကာ တစ်နှစ်ပတ်လုံး ဥလေ့ရှိပြီး အများအားဖြင့် တစ်သုတ်လျှင် သုံးနှစ်ခန့် ကြာ မွေးမြူကြကြောင်း ဥစားဘဲ မွေးမြူ သူများ၏   ပြောကြားချက်အရ   သိရ        သည်။
သက်ဦး(သထုံ)

No comments:

Post a Comment