Latest News

Tuesday, December 26, 2017

တစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ

တစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ

ဒီတစ်ပတ်မှာလည်း မတ်ပဲနဲ့ ပဲစင်းငုံနီတို့ က  ဈေးတက်နေပေမယ့်  ပဲတီစိမ်း၊ ကုလားပဲမျိုးစုံတို့က ဈေးကျဆင်းသွားခဲ့ ပါတယ်။ ဆန်အသစ်တွေ ဆက်တိုက် ဝင်ရောက်နေတဲ့အတွက် ဆန်ကြမ်းအချို့ လည်း ဈေးကျဆင်းခဲ့ပါတယ်။
မတ်ပဲ(FAQ/RC)
အိန္ဒိယက စက်တင်ဘာလကတည်း က ဝယ်ယူခွင့်ကန့်သတ်လိုက်တဲ့ အချိန် ကနေစပြီး  တဖြည်းဖြည်းဈေးကျဆင်း     ခဲ့တာ   ခုဆိုရင်    သုံးလရှိနေပါပြီ။ ဒီဇင်ဘာလဆန်းပိုင်းကတည်းက တဖြည်းဖြည်း ဈေးတက်လာတာ အခု ဆိုရင် သုံးလအတွင်း ပထမဆုံးအကြိမ် ဈေးပြန်တက်လာတယ်လို့ ပြောလို့ရပါ တယ်။
ဒေသတွင်း ပဲခွဲစက်တွေက အဝယ် များလာတဲ့အတွက် ဈေးတက်လာတာ ဖြစ်သလို  ပဲအသစ်တွေ  စတင်ဝင် ရောက်နေပြီဖြစ်တဲ့အတွက် အဟောင်း တွေက ဈေးတက်လာတာ ဖြစ်တယ်လို့ လည်း ကုန်သည်တွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ မြန်မာမတ်ပဲက ဈေးအနည်းငယ် ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က  မတ်ပဲသစ်တွေ ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ အတွက် ရောင်းအားများလာပြီး ဈေးက မြင့်တက်လာခဲ့ပါတယ်။ ဈေးကျဆင်း ခဲ့ပေမယ့် အိန္ဒိယအစိုးရက မတ်ပဲတွေကို အခြေခံဈေးနှုန်းနဲ့ ဝယ်ယူပေးနေတဲ့ အတွက် ဆက်ပြီးကျနိုင်ဖွယ်မရှိဘူးလို့ လည်း သုံးသပ်ထားပါတယ်။
ဒီတစ်ပတ်မှာတော့  မတ်ပဲက မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ငွေကျပ်  ၁၈၅ဝဝ၊  ပြည်ကုန်စည် ဒိုင်မှာတာ့ တစ်တင်းကို ငွေကျပ် ၁၈၇ဝဝ  နဲ့   နေပြည်တော်မှာတော့ တစ်တင်း ကိုငွေကျပ် ၁၇၅ဝဝ အသီးသီး ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ပတ် အတွင်း တစ်တင်းကို ငွေကျပ် ၁ဝဝဝ ကျော် ဈေးမြင့်တက်ခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ မတ်ပဲထက် ဈေးကအတက်ပိုမြန်တယ်လို့ ပြောလို့ရ ပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်၊ မ္တလေး ကုန်စည်ဒိုင်နဲ့  ပြည်ကုန်စည်ဒိုင်တို့မှာ ပဲစင်းငုံနီက    ဈေးတက်နေပေမယ့် နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့    မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံတို့မှာတော့ ပဲစင်းငုံနီက ဈေးကွက်မဖွင့်သလို အကျဈေးနဲ့ပဲရှိနေ တာတွေ့ရပါတယ်။
ရန်ကုန်မှာတော့  ဝယ်လက်က နေ့စဉ်ဝယ်ယူမှုတွေ ရှိနေတဲ့အတွက် ဈေးက ဆက်တိုက်တက်နေပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ပဲစင်းငုံနီက အထွက်နှုန်းနည်းနေပြီး  လက်ကျန် နည်းနေပြီဖြစ်တဲ့အတွက်  လာမယ့် ခြောက်လအတွင်း ဈေးကောင်းနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။ ပဲအသစ်တွေ ဈေးကွက်ထဲကို  ဝင်ရောက်လာတဲ့ အတွက် အိန္ဒိယနိုင်ငံမှာတော့ မြန်မာ ပဲစင်းငုံနီက ဈေးကျဆင်းသွားခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ငွေကျပ် ၃၈ဝဝဝဝ ကျော် အထိ ဈေးတက်ခဲ့ပြီး တစ်ပတ်အတွင်း တစ်တန်ကို  ငွေကျပ်  ၃ဝဝဝဝ  နီးပါး ဈေးတက်ခဲ့ပါတယ်။ ပခုက္ကူမှာတော့ တစ်တင်းကိုငွေကျပ် ၁၂၆ဝဝ ကျော် ပေါက်ဈေးရှိပြီး တစ်တင်းကိုငွေကျပ် ၁ဝဝဝ   ကျော်    ဈေးတက်လာပါ               တယ်။  မုံရွာကုန်စည်ဒိုင်မှာတော့  ဈေး အပြောင်းအလဲမရှိပေမယ့်  မြင်းခြံ ကုန်စည်ဒိုင်၊ ပြည်ကုန်စည်ဒိုင်တို့မှာတော့ ဈေးကကျဆင်းသွားခဲ့ပါတယ်။
ပဲတီစိမ်းဈေး ကျဆင်း
ဒီတစ်ပတ်မှာတော့  ပဲတီစိမ်းက  တစ်နိုင်ငံလုံးနီးပါးမှာ ဈေးကကျဆင်း သွားခဲ့ပါတယ်။  ပဲဈေးကွက်အတွင်း          အရောင်းအဝယ် အသွက်ဆုံးပဲဖြစ်နေ ပေမယ့် နေ့စဉ်အဝင်များနေတဲ့အတွက် ဈေးကကျဆင်းသွားတာ  ဖြစ်တယ် လို့လည်း ကုန်သည်အချို့က ဆိုပါတယ်။ နေ့စဉ်ကုန်စည်ဒိုင်တွေမှာ အိတ် ၅ဝဝ အထက်ဝင်နေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ပဲတီစိမ်းက အထွက်နှုန်း   လျော့နေတဲ့အတွက်  မြန်မာပဲတီစိမ်းက ဈေးမာနေတဲ့ အခြေ အနေရှိပါတယ်။
ရန်ကုန်  ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်ပိဿာကို ငွေကျပ် ၁၂ဝဝ ကနေ ၁၄ဝဝ၊ မြင်းခြံကုန်စည် ဒိုင်မှာတော့  တစ်ပိဿာကို  ငွေကျပ် ၁၁ဝဝ၊    မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်း  (အကြီးနဲ့ အသေး)   ကို ငွေကျပ် ၂၃ဝဝဝ ကနေ ၂၃၅ဝဝ၊ ပြည် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ငွေကျပ်  ၂၅၆ဝဝ၊  နေပြည်တော် ကုန်စည်ဒိုင်မှာတော့  တစ်တင်းကို ငွေကျပ် ၂၆ဝဝဝ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ငွေကျပ် ၅ဝဝ ကနေ ၃ဝဝဝ အထိ   ဈေးက   ကျဆင်းသွားခဲ့ပါ               တယ်။
နှမ်းရောင်စုံဈေးကွက် ဈေးကျဆင်း
နှမ်းရောင်စုံဈေးကွက်အတွင်း နှမ်းနီကလွဲပြီး နှမ်းမျိုးစုံ ဈေးကျဆင်း သွားခဲ့ပါတယ်။ နှမ်းအသစ်တွေက နယ်စုံ ဖြစ်တဲ့ ချောင်းဦး၊ ဘုတလင်၊ ဆားလင်း ကြီး၊ ယင်းမာပင် အစရှိတဲ့ဒေသတွေက အဝင်များပြီး အရောင်းအဝယ်ကတော့ သွက်နေပါတယ်။
နှမ်းနီဈေးတက်
ပြည်ဈေးကွက်မှာ နှမ်းအဝင်နည်း လာတဲ့အတွက် နှမ်းဝင်ရောက်မှုနည်း လာပြီး ဈေးတက်လာခဲ့ပါတယ်။ ဆီ     လုပ်ငန်းရှင်တွေကလည်း ဝယ်ယူမှုပိုလာ တဲ့အတွက် ဈေးကောင်းရရှိကာ နှမ်းဆီ ဈေးလည်း တက်လာခဲ့ပါတယ်။ နှမ်းနီက မုံရွာဈေးကွက်မှာ တစ်တင်းကို ငွေကျပ် ၃၄၂၅ဝ၊ ပြည်ဈေးကွက်မှာ တစ်အိတ်ကို ငွေကျပ် ၁ဝ၅ဝဝဝ ၊ ပခုက္ကူ ကုန်စည်ဒိုင် မှာတော့ တစ်ပိဿာကို ငွေကျပ် ၂၄ဝဝ နဲ့တစ်တင်းကိုငွေကျပ် ၃ဝဝ ကျော် ဈေးမြင့်တက်ခဲ့ပါတယ်။
နှမ်းညို
နှမ်းညိုကတော့   ဒီတစ်ပတ်မှာ တစ်အိတ်ကို ငွေကျပ် ၃ဝဝဝ လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။    မုံရွာ ကုန်စည်ဒိုင်မှာ  တစ်အိတ်ကို  ငွေကျပ် ၃၃၅ဝဝ၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ငွေ ၂၂၆၇ ကျပ် ရှိပါတယ်။ မ္တလေးကုန်စည် ဒိုင်မှာလည်း တစ်အိတ် ကို ငွေကျပ် ၁ဝ၂ဝဝဝ ပေါက်ဈေး ရှိနေပါ တယ်။

နှမ်းဖြူ
နှမ်းဖြူလည်း မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို   ငွေကျပ်  ၃၈၇၅ဝ၊ မ္တလေးကုန်စည်ဒိုင်မှာတော့ တစ်အိတ် ကို ငွေကျပ် ၁၁၅ဝဝဝ ကနေ ၁၂၉ဝဝဝ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ငွေကျပ် ၂ဝဝဝ  ကျော်  ဈေးကျဆင်းသွားခဲ့ပါ တယ်။
မြီးတုံးဆန်၊ ငစိန်ဆန် ဈေးကျဆင်း
ဒီဇင်ဘာလပထမပတ်ကနေ စတင် ပြီး တစ်အိတ်ကို ငွေကျပ် ၃ဝဝဝဝ ကျော် အထိ ဈေးမြင့်တက်ခဲ့တဲ့ မြီးတုံးဆန်နဲ့ ငွေကျပ် ၂၃ဝဝဝ  ကျော်အထိ ဈေးမြင့် တက်ခဲ့တဲ့ ဆန်ကြမ်းက ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။   ဆန်     အသစ်တွေ ဝင်ရောက်လာပြီး ဆန်ကြမ်း ဈေးတွေငြိမ်သွားတာလည်း    ဖြစ်ပါ  တယ်။

မြီးတုံးဆန်က တစ်အိတ်ကို ငွေကျပ် ၂၃ဝဝဝ ကနေ ၂၅ဝဝဝ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ငွေကျပ် ၇ဝဝဝ လောက် ဈေးကျဆင်းခဲ့ပါတယ်။ ငစိန်ဆန်ကတော့ တစ်အိတ်ကိုငွေကျပ် ၁၈၅ဝဝ ကနေ ၂ဝဝဝဝ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ငွေကျပ် ၃ဝဝဝ ကျော် ဈေးကျဆင်းသွား ခဲ့ပါတယ်။
ဓာတ်ပုံ-ဇေမိုး
ဝတ်ရည်မွန် (AMIA)

No comments:

Post a Comment