ဖိလစ်ပိုင်အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသွားသူများအတွက် ဂူတာရက်စ် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြ
ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း တမ်ဘလင်ဝင်ရောက်မှုကြောင့် သေဆုံး ခဲ့သူများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ် ပေါ်ခဲ့သည့်အတွက် ကုလသမဂ္ဂအကြီး အကဲ အန်တိုနီယိုဂူတာရက်စ်က ဝမ်းနည်းကြေကွဲခဲ့ကြောင်း ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူက စနေနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
အပူပိုင်းမုန်တိုင်း တမ်ဘလင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအို ကျွန်းသို့ ပြီးခဲ့သည့် သောကြာနေ့က ဝင်ရောက်လာခဲ့ပြီးနောက်တွင် လူ ၂ဝဝ ကျော်သေဆုံးခဲ့ကာ လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရ သည်။
ဂူတာရက်စ်သည် မုန်တိုင်းဒဏ် ကြောင့် ထိခိုက်ခံစားခဲ့ကြရသည့် မိသားစုဝင်များသို့ အလွန်ကိုယ်ချင်း စာနာမိကြောင်း ဖော်ပြခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သူများ အမြန်ဆုံးပြန်လည် သက်သာ ကောင်းမွန်လာစေရန် ဆုတောင်း မေတ္တာပို့သခဲ့သည်ဟု ၄င်း၏ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီဒူဂျာရစ် က ဖော်ပြခဲ့သည်။
အမျိုးသားကယ်ဆယ်ရေးအဖွဲ့ များ၏ ကြိုးပမ်းအားထုတ်ခဲ့မှုကို ချီးမွမ်း ဂုဏ်ပြုခဲ့ရုံသာမက ခက်ခဲသည့် အခြေ အနေအောက်တွင် ကယ်ဆယ်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းခဲ့သည့် စေတနာရှင် ပရဟိတအဖွဲ့များအား လည်း ချီးကျူးဂုဏ်ပြုခဲ့သည်။
လူသားချင်းစာနာထောက်ထားမှု များ မိတ်ဖက်အဖွဲ့ဝင်များ၏ အကူအညီ အထာက်အပံ့များအပြင် ကုလသမဂ္ဂ သည် ဒေသဆိုင်ရာနှင့် နိုင်ငံတော် အာဏာပိုင်များကို ကူညီထောက်ပံ့မှု ပေးအပ်ရန် အသင့်ရှိနေကြောင်း ဖော်ပြ ခဲ့သည်။
ဆင်ဟွာ(မြန်မာ့အလင်း)
Tuesday, December 26, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment