Latest News

Thursday, December 21, 2017

မြန်မာ့အရေး ဝင်မရှုပ်ရန် နိုင်ငံတကာသို့ တရုတ်တိုက်တွန်း

မြန်မာ့အရေး ဝင်မရှုပ်ရန် နိုင်ငံတကာသို့ တရုတ်တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ဘင်္ဂါလီ၏ အနာဂတ်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖြေရှင်းနေကြရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် ရှုပ်ထွေးအောင်လုပ်နေမည့်အစား ကူညီပေးကြရန်သာ တရုတ်က တိုက်တွန်းခဲ့သည်ဟု ဝါရှင်တန်ပို့စ် သတင်းတွင် ယနေ့ဖော်ပြသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီကို မြန်မာအစိုးရက နိုင်ငံတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် တရုတ်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

စစ်ရေးအရေးယူမှုကြောင့် ရိုဟင်ဂျာ ၆၃၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းမှ အခြေအနေများသည် မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ရှုပ်ထွေးနက်နဲသည့် သမိုင်းကြောင်း၊ အမျိုးသားရေးနှင့် ဘာသာရေးကိစ္စရပ်များ ပါဝင်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောဆိုခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဒီကိစ္စကို ဖြေရှင်းနေတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရှုပ်ထွေးမှုတွေ ပေးမယ့်အစား အကျိုးရှိမယ့်အကူအညီတွေ ပေးသင့်တယ်လို့ ကျွန်မတို့ထင်ပါတယ်” ဟု Hua Chunying က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။

ကိုးကား။ ။ ဝါရှင်တန်ပို့စ်

Photo : The Nation

The Voice Journal

No comments:

Post a Comment