Latest News

Thursday, December 21, 2017

မောင်တောမြို့နယ်၌ လက်လုပ်မိုင်း ၁ လုံးတွေ့ရှိ

မောင်တောမြို့နယ်၌ လက်လုပ်မိုင်း ၁ လုံးတွေ့ရှိ

မောင်တော၊ ဒီဇင်ဘာ ၂၁

ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲ ၁နာရီ ၄၅မိနစ် အချိန်ခန့်က မောင်တောမြို့နယ်၊ သင်္ဘောကွေ့ရွာ အနီး မောင်တော-အငူမော် ကားလမ်းဘေး ခန့်မှန်း(DT-530707)၌ လက်လုပ်မိုင်း ၁ လုံးတွေ့ရှိ ကြောင်း ဦးဖိုးစိန်မောင် အင်းဒင်ကျေးရွာ မောင်တောမြို့နယ်နေသူမှ အကြောင်းကြား၍ ရတခမရ(၅၃၆)မှ တပ်မတော်သားများနှင့် အင်းဒင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့ရာ မီးတိတ်အဝါပတ်ထားသည့် အချင်း ၂ လက်မ၊ အရှည် ၁၀ လက်မခန့်ရှိ လက်လုပ်မိုင်း ၁ လုံး ဖြစ်ပြီး ၁၄၁၅ အချိန်တွင် သက်မဲ့ပြုလုပ် ကာ ရတခမရ(၅၃၆)မှ တပ်မတော်သားများအဖွဲ့မှ သိမ်းဆည်း သွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

Ref;  ပြည်ထဲရေးဝန်ကြီးဌာန

No comments:

Post a Comment