Latest News

Thursday, December 21, 2017

အင်တောမြို့နယ်အတွင်း တရားမ၀င်သစ်များသိမ်းဆည်းရမိ

အင်တောမြို့နယ်အတွင်း တရားမ၀င်သစ်များသိမ်းဆည်းရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် အင်တောမြို့၏ အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ၌ စုပုံထားသော တရားမ၀င် အင်သစ်ခွဲသားဆိုဒ်စုံ ခန့်မှန်း ၄၅၀ တန်ခန့် အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိသစ်များအား ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ref; The Mirrors Daily

No comments:

Post a Comment