Latest News

Friday, December 22, 2017

အမ်းမြို့နယ်​ ပညာ​ရေး ​အောင်​ချက်​မြင့်​မား​ရေးအတွက်​ ဆွေး​နွေး

အမ်းမြို့နယ်​ ပညာ​ရေး ​အောင်​ချက်​မြင့်​မား​ရေးအတွက်​ ဆွေး​နွေး


              ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ်​နှင့်​ ဝန်​ကြီးများသည်​ မြို့နယ်​ဌာနဆိုင်​ရာ တာဝန်​ရှိသူများလိုက်​ပါ၍ အမ်းမြို့ အ၊ထ၊က (၁)မှ ဆရာ/မများ ​ကျောင်းသားသူ မိဘများ၊ ​ကျောင်းသား/သူများ နှင့်​​တွေ့ဆုံခဲ့ကာ ၂၀၁၆/၂၀၁၇ပညာသင်​နှစ်​ ၁၀ တန်းစာ​မေးပွဲ ​အောင်​ချက်​မြင့်​မားနိုင်​​ရေးအတွက်​ ​ ​ဆွေး​နွေးညှိနှိုင်း အ​ဖြေရှာခဲ့ပြီး လိုအပ်​ချက်​များ ၊ အားနည်းချက်များအား ​​ဖြည့်​ဆည်း ပြင်​ဆင်​နိုင်​ဖို့ ​ဆွေး​နွေးခဲ့ကြည်​။

               ဆက်​လက်​ပြီး ပြည်​နယ်​ဝန်​ကြီးချုပ်​နှင့်​ ဝန်​ကြီးများသည်​ ဌာနဆိုင်​ရာတာဝန်​ရှိသူများနှင့်​ အတူ အမ်းမြို့ အ၊ထ၊က(၃) နှင့်​ အ၊ထ၊က(၂) ​ကျောင်းများသို့ သွား​ရောက်​ကာ ၁၀ တန်းစာ​မေးပွဲ ​အောင်​ချက်​မြင့်​မားနိုင်​​ရေးအတွက်​ ​ကျောင်းဆရာ/မများ ​ကျောင်းသား/သူများ၊ ​ကျောင်းသားမိဘများနှင့်​​တွေ့ဆုံခဲ့ကာ သင်​ကြား​ရေးပိုင်း မြင့်​တင်​သင်​ကြားနိုင်​ဖို့၊ဘာသာရပ်​အလိုက်​ ဆရာ/မများ ပြည့်​စုံနိုင်​ဖို့အတွက်​ ​ဆွေး​နွေးခဲ့ကြပြီး လိုအပ်​သည်​များပြင်​ဆင်​နိုင်​ရန်​ မှာကြားခဲ့သည်​။
                အဆိုပါ ပညာ​ရေးမြင့်​တင်​နိုင်​​ရေးအတွက်​ ​တွေ့ဆုံမှုတွင်​ အ၊ထ၊က(၁) လျှပ်​စစ်​မီးလင်း​ရေးအတွက်​ လျှပ်​စစ်​မီတာ​ဘောက်​(စ်​)တတ်​ဆင်​နိုင်​ရန်​အတွက်​ ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ်​မှ အလှူ​ငွေ ကျပ်​ (၄)သိန်းကို လှူဒါန်း​ပေးအပ်​ခဲ့ကာ အ၊ထ၊က(၃) တွင်​ ကွန်​ပျူတာနှင့်​ ပရင်​တာ ဝယ်​ယူနိုင်​​ရေးတို့အတွက်​ အလှူ​ငွေကျပ်​ (၅)သိန်းကို ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​မှ  ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

             ယ​နေ့ ခရီးစဉ်​တွင်​ ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ဦးညီပုနှင့်​အတူ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာချမ်းသာ၊ လျှပ်​စစ်​ ၊စက်​မှုနှင့်​  လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦး​အောင်​​ကျော်​ဇံ၊ စည်​ပင်​သာယာ​ရေးဝန်​ကြီး ဦးမင်း​အောင်​တို့နှင့်​ပြည်​နယ်​အဆင့်​ ဌာနဆိုင်​ရာ များ ၊ ခရိုင်​အဆင့်​ ဌာနဆိုင်​ရာများ ၊ မြို့နယ်​ဌာနဆိုင်​ရာများမှ တာဝန်​ရှိသူများ လိုက်​ပါခဲ့သည်​။      

Ref; U Nyi Pu

No comments:

Post a Comment