Latest News

Saturday, December 23, 2017

မုံရွာမြို့တွင် သက်တမ်းလွန်ဆေးဝါး၊ ဆေးဝါးအတုနှင့်တရားမဝင်ဆေးဝါး များ မီးရှို့ဖျက်ဆီး

မုံရွာမြို့တွင် သက်တမ်းလွန်ဆေးဝါး၊ ဆေးဝါးအတုနှင့်တရားမဝင်ဆေးဝါး များ မီးရှို့ဖျက်ဆီး

မုံရွာ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များရှိ ဈေးများနှင့် ဆေးဆိုင်များ မှ ပြည်သူပိုင် သတင်းစာများတွင် စားသုံးရန် မသင့်ဟု ထုတ်ပြန် ကြေငြာ ထားသော ခွင့်မပြု ဆိုးဆေးများနှင့် တားမြစ်ဓာတုပစ္စည်းများပါရှိသည့် စားသောက်ကုန်များ၊ သက်တမ်းလွန် ဆေးဝါးများ၊ ဆေးဝါးအတုများနှင့် တရားမဝင်ဆေးဝါးများကို မုံရွာမြို့နယ် ကိုင်းတော အမှိုက်စွန့်ပစ်ကွင်းတွင် ဒီဇင်ဘာလ(၂၃)ရက်နေ့နံနက် (၉)နာရီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

''တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေနဲ့ အခုလို မီးရှို့ဖျက်ဆီးတာ ဆိုရင် ဒုတိယအကြိမ်မြောက် ရှိပါပြီ၊ ပထမအကြိမ်က ၂ဝ၁၆ ခုနှစ်ဖေဖော်ဝါရီလထဲမှာ အစားအသောက်နဲ့ ဆေးဝါးတွေ တန်ဖိုးငွေ (၄၃)သိန်းကျော်ဖိုးကို ဖျက်ဆီးခဲ့ပါတယ်၊ အခုအကြိမ်က  (၂ဝ၁၆) ခုနှစ်နဲ့ (၂ဝ၁၇)ခုနှစ်အတွင်း သိမ်းဆည်းထားတဲ့ သက်တမ်းလွန်ဆေးဝါးတွေ၊ အစားအသောက်တွေ၊ ပိုးသတ်ဆေးတွေကို ဖျက်ဆီးတာပါ၊ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ လစဉ်ပုံမှန် ဆေးဆိုင်တွေ ကို စစ်ဆေးပါတယ်၊ မြို့နယ်တွေမှာ လိုက်လံစစ်ဆေးတဲ့ အချိန်မှာ  သက်တမ်းလွန် ဆေးဝါးတွေ ဘယ်ကိုသွားပြီး အပ်ရမလဲ မသိတဲ့အချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက သိမ်းဆည်း ထားပြီးတော့ မုံရွာမြို့ပေါ်မှာရှိတဲ့ ဆေးဆိုင်က သက်တမ်းလွန်ဆေးဝါးတွေ လာရောက်အပ်နှံတာပါ၊ ကလေးခရိုင်က သူတို့ အစီအစဉ်နဲ့ဖျက်ဆီးတယ်၊ မုံရွာမြို့နဲ့ဝေးတဲ့ ဒေသတွေကတော့ သူတို့အစီအစဉ်နဲ့ ဖျက်ဆီးပြီးတော့၊ မုံရွာမြို့နဲ့နီးတဲ့ ဒေသတွေကပစ္စည်းတွေကို စုပေါင်းထားပြီးတော့ အခုဖျက်ဆီးတာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ တိုင်းဒေသကြီးဦးစီးအရာရှိ ဒေါက်တာလဝန်းရွှေ၏ ပြောကြားချက်အရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment