Latest News

Wednesday, December 13, 2017

အံ့အားသင့်ဖွယ် ဖြစ်ခဲ့တဲ့ မက်ပီရဲ့ မြန်နှုန်းမြင့်ပြေးနှုန်း

အံ့အားသင့်ဖွယ် ဖြစ်ခဲ့တဲ့ မက်ပီရဲ့ မြန်နှုန်းမြင့်ပြေးနှုန်း


ပီအက်စ်ဂျီတိုက်စစ်မှူးလေး မက်ပီဟာ လိုင်လီနဲ့ပွဲမှာ ပီအက်စ်ဂျီ အတွက် တတိယဂိုးကို သွင်းနိုင်ဖို့ တစ်နာရီ ၄၄ဒသမ၇ ကီလိုမီတာ
အထိ ပြေးခဲ့ပြီး ဒါဟာ ကမ္ဘာ့အမြန်ဆုံးလူသားလို့ သိထားတဲ့ အူစိန်ဘို့ ရဲ့ ကီလို ၁ဝဝ တန်းမှာတင်ထားတဲ့ စံချိန်ကိုမီဖို့ အနည်းငယ်သာ လိုတဲ့နှုန်းဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးကျွမ်းကျင်သူ ရော်ဘင် ဘရီနာက မက်ပီရဲ့ ဂိုးရဖို့ အားထုတ်ခဲ့တဲ့ မက်ပီရဲ့ ပြေးနှုန်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ အပြေးမြန်တဲ့သူတွေထက်တောင် ကျော် လွန်သွားခဲ့သလို အူစိန်ဘို့ တင်ထားတဲ့ စံချိန် နီးပါးကိုဖြစ်ခဲ့ တယ်လို့ ပြောပါတယ်။

မက်ပီဟာ ယခုနှစ်နွေဈေးကွက်အတွင်း မိုနာကိုကနေ ပြည်တွင်း
လိဂ်ပြိုင်ဘက် ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာ အငှား
နဲ့ လာရောက်ကစားနေသူဖြစ်ပေမယ့် လာမယ့် နွေဈေးကွက်မှာ တော့ ပေါင်၁၆၅သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဥရောပဘောလုံးလောကအတွင်း မိုနာကို
အသင်း ထွန်းတောက်လာမှုနဲ့အတူ မိုနာကို ကစားသမားတွေကို ဥရောပအသင်းကြီးတွေက မျက်စိကျခဲ့ကြတာဖြစ်ပါတယ်။ ဒီအထဲ
မှာ မန်စီးတီးက ဘာနာဒို ဆေးလ်ဗားနဲ့ မန်ဒီတို့ကို ခေါ်ယူနိုင်ခဲ့သလို
ချယ်လ်ဆီးကလည်း ဘာကာယိုကိုကို ခေါ်ယူခဲ့တာပါ။

မိုနာကို ကစားသမားတွေထဲမှာတော့ မက်ပီကို ဥရောပထိပ်
တန်းအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူ၊ လီဗာပူး၊ အာဆင်နယ်၊ ရီးယဲလ်မက်ဒရစ် စတဲ့အသင်းများစွာက အလိုရှိခဲ့ကြပြီး ဈေးကွက်နောက်ပိုင်းမှ သတင်းထွက်ခဲ့တဲ့ ပီအက်စ်ဂျီကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ မက်ပီဟာ လက်ရှိ ပီအက်စ်ဂျီအသင်း
ရဲ့ တိုက်စစ်ပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်
ရည်တစ်ရပ် ဆက်လက်ပြနိုင်ခဲ့ပြီး ဈေးကွက်လေ့လာ
သူတွေရဲ့ အသက်၂၁နှစ်အောက် ကစားသမားထဲမှာ
ကမ္ဘာ့တန်ကြေးအကြီးဆုံး ကစားသမားအဖြစ် နံပါတ်
၁ နေရာမှာ ရှိနေသူလည်းဖြစ်ပါတယ်။
မေလဲ့သင်း(The Mirror Daily)

No comments:

Post a Comment