Latest News

Tuesday, December 12, 2017

နိုင်ငံတကာ ရာဇ၀တ်မှုများ ခုံရုံးဆိုသည်က


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ မှ ဒီနေ့ကြေငြာချက် တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။
ကြေငြာချက်ထဲမှာ ပါရှိတဲ့ အကြောင်းကတော့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဌ ရာထူး
ကို အလှည့်ကျလာတဲ့ ဂျပန်က တာဝန်ယူလိုက်ပြီ ဖြစ်လို့ နိုင်ငံကြီး တနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့
လျော်ညီစွာ မြန်မာ အပေါ် အရေးယူမှုများစတင်ပြုလုပ်ရေး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ယခုအချိန်ထိ ကုလ လုံခြုံရေးကောင်စီ အနေနဲ့ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှုများအပေါ် ကြေညာ
ချက်တစောင်သာ ထုတ်ပြန်နျူိင်သေးတဲ့အတွက် အဖွဲ့ကြီး အနေနဲ့ ဂုဏ်သိက္ခာကျဆင်းစရာ ဖြစ်နေ
ရကြောင်း နဲ့ ပြီးခဲ့တဲ့ အပါတ်က ဂျနီဗာရှိ ကုလ လူ့ အခွင့်အရေး အဖွဲ့ မှ မြန်မာ စစ်တပ်သည် လူမျိုးရေး သန့်စင်မှုများ ကျုးလွန်နေဖွယ် ရှိသည်ဆိုသော ကြေငြာချက် အပေါ် အခြေခံပြီး ကုလစုံစမ်းရေးအဖွဲ့ကို
ဝင်ရောက်ခွင့်ပြုရေး၊ လူသားများအပေါ်ကျုးလွန်တဲ့ ရာဇ၀တ်မှုများ အတွက် တာဝန်ရှိသူများကို နိုင်ငံတကာ ရာဇ၀တ်မှုများ ခုံရုံးကိုလွှဲပြောင်းပေးရေး နဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ရေး ကို လုံခြုံရေး ကောင်စီအနေနဲ့ ပြု လုပ်သင့်ကြောင်း အလှည့်ကျ ဥက္ကဌ တာဝန်ယူရမယ့် ဂျပန်ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ ICC လို့ ခေါ်တဲ့ International Criminal Court နိုင်ငံတကာ ရာဇ၀တ်မှုများဆိုင်ရာ တရားရုံး အကြောင်း အနည်းငယ် ပြောစရာ ရှိလာပါတယ်။

ICT ကို ယခင် ယူဂိုဆလားဗီယား နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ အတွက် ၁၉၉၃ မှာစတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အပြီး နုရင်ဘတ် နဲ့ တိုကျို စစ်ခုံရုံးတွေပြီးရင်ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ တရားရုံး
 ဖြစ်လာခဲ့ပါတယ်။

ယခု အချိန်ထိ လူပေါင်း ၁၆၁ ယောက်ကို ရုံးတင် တရားစွဲနိုင်ခဲ့ပါတယ်။ ထိုအထဲမှာ ယခင်သမ္မတ နဲ့
ဝန်ကြီးချုပ် ဟောင်းများ ပါဝင်ခဲ့တာတွေ့ရပါတယ်။ အားလုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။ဒီအထဲမှာ အချို့ က
လည်း လာရောက် အဖမ်းခံသူတွေ ရှိပါတယ်။ အချို့ ကလည်း သေဆုံးသွားခဲ့ကြပြီ ဖြစ်ပါတယ်။

သို့သော် ထူးခြားမှု က တယောက်မှ ၀ါးရမ်းပြေးမရှိသေးပါဖူး။ ဒီအတွက် တရားရုံးက မျက်မြင်သက်သေ
ပေါင်း ၄,၆၅၀ ကို ကြားနာစစ်ဆေးနိုင်ခဲ့ပြီး လူမျိုးတုန်း ရန် သတ်ဖြတ်ခဲ့မှု။ လူမျိုးရေးသန့်စင်မှု၊ အစုလိုက် အပြုံလိုက် လူသတ်မှု များနဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အတွက်လူပေါင်း ၉၀ ကို အပြစ်ပေးနိုင်
ခဲ့ပြီး ၁၉ ဦးကိုအမှုကနေ ကွင်းလုံးက္ဈတ် လွှတ်ပေးခဲ့ပါတယ်။

စတင် တည်ထောင်ကာစ က ဟိတ်ဂ် မှာ ရုံးထိုင်ပြီး ငွေကြေး မပြည့်မစုံနဲ့ စတင်လာခဲ့တာဖြစ်ပါတယ်။
အလိုရှိတဲ့ တရားခံများကို ဖမ်းဆီးခွင့် ရှိတဲ့ ကိုယ်ပိုင် ရဲအဖွဲ့လည်း မရှိတဲ့ အတွက်သက်ဆိုင်ရာ နိုင်ငံ တွေနဲ့ နေတိုး ငြိမ်းချမ်းမှုထိမ်းသိမ်းရေး တပ်ဖွဲ့ တွေကို အကူအညီတောင်းပြီး ဖမ်းဆီးစေခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးပေးဖို့ မလိုလားတဲ့ နိုင်ငံတွေ လည်း ရှိတတ်ပါတယ်။ ဒီအခါမျိုးကျ ကုလသမဂ္ဂ အကူအညီနဲ့ စီးပွား
ရေး ပိတ်ဆို့ အရေးယူပြီး အကျပ်ကိုင်ခဲ့ကြပါတယ်။

ယခုအခါ မှာတော့ ယခင်ကလို စိတ်အားထက်သန်မှုတွေ မရှိတော့ဖူးလို့ ဝေဖန်မှုတွေ ရှိလာပါတယ်။ ယခုအချိန်အထိ ဆီရီယားမှာ ကျုးလွန်ခဲ့မှု တွေအတွက် တဦးတယောက်ကိုမှ တရားစွဲနိုင်ခဲ့ခြင်း မရှိသေးဖူးလို့ ဆိုပါတယ်။
အမေရိကန် နဲ့ ရုရှား နှစ်နိုင်ငံစလုံးက ICC ရဲ့လုပ်ပိုင်ခွင့် ကို အသိအမှတ် မပြုတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတုန်း ဖြစ်ပါတယ်။က္ဈန်တော်တို့ စစ်ခေါင်းဆောင်ကြီးများကလည်းအဖွဲ့ တည်ထောင်ချိန်ကစပြီး ခုထက်ထိ အမျှော်အမြင် ရှိရှိ နဲ့ မပါဝင်ခဲ့တာ တွေ့ ရပါတယ်။ ပါဝင်လက်မှတ်ထိုးတဲ့ နိုင်ငံပေါင်း ၁၂၄ နိုင်ငံ ရှိပါသေး
တယ်။
လှစိုးဝေ

No comments:

Post a Comment