Latest News

Thursday, December 14, 2017

မတ္တရာမြို့နယ် ဘူမိန္ဒြကျေးရွာ (၁၀၀)မြောက်ရွာအဖြစ် လျှပ်စစ်မီးရရှိ

မတ္တရာမြို့နယ် ဘူမိန္ဒြကျေးရွာ (၁၀၀)မြောက်ရွာအဖြစ် လျှပ်စစ်မီးရရှိ

မတ္တရာ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ် ဘူမိန္ဒြကျေးရွာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်း အနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ထရန်စဖော်မာ တည်ရှိရာနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဉီးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဇော်မင်းလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဉီးမင်းမင်းမှ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် လျှပ်စစ်မန်နေဂျာရုံး လက်ထောက်မန်နေဂျာ လျှပ်စစ်အင်ဂျင်နီယာ ဉီးကျော်နိုင်မှ မီးသုံးစွဲသူပြည် သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အတွက် ပညာဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီဉက္ကဌမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လျှပ်စစ်မီးဖွင့်ပွဲအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်ဇော်နှင့် ကျေးရွာမီးလင်း ရေးကော်မတီ ဉက္ကဌ တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ မတ္တရာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု ၈၈ အုပ်စု၊ ကျေးရွာပေါင်း ၂၈၆ ရွာ ရှိသည့်အနက် ဘူမိန္ဒြကျေးရွာသည် (၁၀၀)ရွာမြောက် ကျေးရွာအဖြစ် လျှပ်စစ်မီး လင်းခဲ့သည့်ကျေးရွာဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)MOI

No comments:

Post a Comment