Latest News

Thursday, December 14, 2017

ကော့သောင်းမြို့အနီး ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါးများ တင်ဆောင်ထားသော လှေတစ်စင်း ဖမ်းဆီးရမိ

ကော့သောင်းမြို့အနီး ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါးများ တင်ဆောင်ထားသော လှေတစ်စင်း ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့အနီး ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၇ မိုင်ခန့်အကွာ၌ စက်မကြီး Em-190 HP-8/10 ခန့် ပဲ့ချိတ်တစ်လုံး တပ်ဆင်ထားသည့် အလျား ၃၃ ပေ၊ အနံ ၅ ပေ ၈ လက်မ၊ ရေစူး ၂ ပေခန့်၊ သစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသော အမည်မရှိ လှေပေါ်မှ ဦးငွေကိုင်(ဘ) ဦးတင်ရှိန် အပါအဝင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၇ဝ ပြား၊ ဘိန်းစာမှုန့် ၇၂ ထုပ်၊ မြန်မာကျပ်ငွေ၂၈ဝဝဝဝ၊ ထိုင်းဘတ်ငွေ ၃၄ဝဝ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ တရားခံများ၊ လှေနှင့် မူးယစ်ဆေးဝါး များအား ကော့သောင်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် မြဝတီသတင်းစာတွင်ပါရှိသည်

No comments:

Post a Comment