Latest News

Tuesday, December 26, 2017

ဘာစီလိုနာအတွက် ၅၂၆ ဂိုးမြောက်သွင်းယူကာ ဂတ်မူလာ၏ သွင်းဂိုးစံချိန်ကို မက်ဆီချိုးဖျက်

ဘာစီလိုနာအတွက် ၅၂၆ ဂိုးမြောက်သွင်းယူကာ ဂတ်မူလာ၏ သွင်းဂိုးစံချိန်ကို မက်ဆီချိုးဖျက်

မက်ဒရစ်    ဒီဇင်ဘာ     ၂၄

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ယမန်နေ့ညက ဘာနေဗျူးကွင်း၌ ရီးယဲလ်ကို သုံးဂိုးပြတ်အနိုင်ရသည့်ပွဲတွင် ပယ်နယ်တီမှ  ဂိုးသွင်းယူခဲ့ ခြင်းကြောင့်   ဥရောပထိပ်တန်းလိဂ် ငါးခုတွင် ဂိုးအများဆုံး  သွင်းနိုင် ခဲ့သည့် ဂန္ထ၀င်တိုက်စစ်မှူး ဂတ်မူလာ၏စံချိန်ကို   ချိုးဖျက်နိုင်ခဲ့သည်။

မက်ဆီ၏ သွင်းဂိုးမှာ ဘာစီလိုနာအတွက် ကစားသမားဘ၀တွင်  ပြိုင်ပွဲ အရပ်ရပ် ၅၂၆ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ငါးရပ်တွင်    အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းပေးနိုင်သူဖြစ် လာခဲ့သည်။

ဘိုင်ယန်ဂန္ထ၀င်တိုက်စစ်မှူး ဂတ်မူလာသည် ၁၉၆၅ ခုနှစ်မှ ၁၉၇၉ ခုနှစ် ကြား ဘိုင်ယန်အသင်းအတွက် ၅၇၂ ပွဲကစားပေးခဲ့ရာတွင် ၅၂၅ ဂိုးသွင်း ပေးနိုင်ခဲ့သဖြင့် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မက်ဆီက ဘာစီလိုနာအတွက်  ၆၀၈ ပွဲကစားပြီး ၅၂၆ ဂိုးသွင်းကာ စံချိန်ချိုးဖျက်ခြင်းဖြစ်သည်။

ထို့ပြင်  မက်ဆီသည် ရီးယဲလ်နှင့် ဘာစီလိုနာတို့၏ အယ်လ်ကလက် ဆီကိုသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းနိုင်သူအဖြစ်လည်း စံချိန်တင် ထားသည်။  အယ်လ်ကလက်စီကိုသမိုင်းတွင် ရီးယဲလ်ဂန္ထ၀င် ဒီစတီဖာနိုက  ၁၈ ဂိုး၊ စီရော်နယ်ဒို က ၁၇ ဂိုးသွင်းထားပြီး မက်ဆီက ၃၇ ပွဲကစားခဲ့ရာတွင်  ၂၅ ဂိုးသွင်းနိုင်ခဲ့သည်။ ထို့ပြင် လာလီဂါပွဲအဖြစ် ရီးယဲလ်ဘက်သို့ ဂိုးအများ ဆုံးသွင်းနိုင်သည့် ကစားသမားအဖြစ် ၁၇ ဂိုးသွင်းနိုင်ခဲ့သည်။(MWD)

No comments:

Post a Comment