Latest News

Tuesday, December 26, 2017

ယူ-၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနှင့်ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပရန် စီစဉ်နေ

ယူ-၁၈  ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနှင့်ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပရန် စီစဉ်နေ

ရန်ကုန်  ဒီဇင်ဘာ  ၂၄

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ထိုင်းနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ၂ဝ၂၁ ယူ-၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပရန် စီစဉ်နေကြောင်း   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းထံမှ သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေဖြင့် သက်တမ်းအလိုက် လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲများကို စနစ်သစ်ဖြင့် ကျင်းပရန်စီစဉ်နေပြီး စနစ်သစ်ဖြင့် ကျင်းပမည့် ယူ-၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ထိုင်းနိုင်ငံနှင့်ပူးပေါင်းကာ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ လျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

 ''ပြိုင်ပွဲလုပ်ရင် အဓိက ကွင်းကြီး ခြောက်ကွင်းလိုတယ်။  မြန်မာနိုင်ငံမှာ  သုံးကွင်း၊ ထိုင်းနိုင်ငံမှာ သုံးကွင်းလိုတယ်။ ပြီးတော့ ဖွင့်ပွဲနဲ့ပိတ်ပွဲ ကျင်းပနိုင်မယ့်  ပရိသတ်ငါးသောင်းဆံ့ ကွင်းတစ်ကွင်း လိုတယ်။  မြန်မာနိုင်ငံမှာ ဖွင့်ပွဲလုပ်ရင်  ထိုင်းနိုင်ငံမှာ ပိတ်ပွဲလုပ်မယ်။ ဒီမှာက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး ကွင်းသုံးကွင်းကို  လျာထားတယ်။

ဒါပေမဲ့   သုံးကွင်းစလုံးက  ပရိသတ်သုံး သောင်းလောက်ပဲ ဆံ့တာဆိုတော့ တစ်ကွင်းကို အဆင့်မြှင့်ရမယ်။ သုဝဏ္ဏ အားကစားကွင်းကို ပရိသတ်ငါးသောင်းဆံ့အထိ မြှင့်တင်ဖို့ စီစဉ်ထားတယ်။ အဓိကက အစိုးရခွင့်ပြုချက်နဲ့ ထောက်ပံ့မှုလိုပါတယ်'' ဟု ဦးကိုကိုသိန်း ကပြောသည်။(MWD)

No comments:

Post a Comment