Latest News

Saturday, December 9, 2017

ရွှေဘောလုံးဆုရရှိသည့် စီရော်နယ်ဒို မက်ဆီနှင့်ငါးကြိမ်စီ တူညီသွား

ရွှေဘောလုံးဆုရရှိသည့် စီရော်နယ်ဒို မက်ဆီနှင့်ငါးကြိမ်စီ တူညီသွား

Ballon d'Or    ၂ဝ၁၇ ဆုပေးပွဲကို ဒီဇင်ဘာ   ၇  ရက်က   ပြင်သစ်နိုင်ငံ ပါရီမြို့        အီဖယ်တာဝါကြီးအောက်၌ ကျင်းပခဲ့ရာ  ပေါ်တူဂီနိုင်ငံသား   ရီးရဲ မက်ဒရစ်  ကစားသမား   စီရော်နယ်ဒိုသည် ငါးကြိမ်မြောက်ဆု ရရှိခဲ့သည်။

Ballon d'Or    ရွှေဘောလုံးဆုကို ယခင်က  ဖီဖာက  တာဝန်ယူခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှစ၍       ပြင်သစ်ဘောလုံးမဂ္ဂဇင်း အဖွဲ့အစည်းသို့     လွှဲပြောင်းပေးအပ်ခဲ့ သည်။   ရွှေဘောလုံးဆုကို ၂ဝဝ၇ ခုနှစ်မှ စ၍  စီရော်နယ်ဒိုနှင့်  မက်ဆီတို့    နှစ်ဦးမှာ ပြိုင်ဘက်များအဖြစ်     ရပ်တည်နေပြီး ၂ဝဝ၇ ခုနှစ်တွင် ¤င်းနှစ်ဦးကို   ကျော် ဖြတ်ကာ      အေစီမီလန်ကစားသမား ကာကာက  ဆွတ်ခူးခဲ့သည်။

၂ဝဝ၈  ခုနှစ်တွင်   စီရော်နယ်ဒိုက  စတင်ရရှိခဲ့ပြီး  ၂ဝဝ၉  ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ လေးနှစ် ဆက်တိုက် မက်ဆီက ဦးဆောင်ခဲ့သည်။    ၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄  ခုနှစ်ကို  နှစ်နှစ်ဆက် တိုက်    စီရော်နယ်ဒိုက    ပြန်လည်ရရှိခဲ့ပြီး ၂ဝ၁၅  ခုနှစ်တွင်  မက်ဆီက  ငါးကြိမ် မြောက်   ရရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ် ၊ ၂ဝ၁၇  ခုနှစ်တွင် စီရော်နယ်ဒိုက  မက်ဆီနှင့် အကြိမ်အရေအတွက်တူညီကာ  ရပ်တည် နိုင်ခဲ့သည်။  

ယခုနှစ်တွင်  စီရော်နယ်ဒိုသည်  ရမှတ် ၉၄၆ မှတ်ရရှိကာ မက်ဆီက ၆၇ဝ  နှင့်   နေမာက ၃၆၁  မှတ်သာ    ရရှိ ခဲ့သည်။ ၂ဝ၁၇   ခုနှစ်တွင်    မက်ဆီသည်     ဘာစီလိုနာနှင့်အတူ         စပိန်ဘုရင့်ဖလား တစ်လုံးတည်းသာ   ဆွတ်ခူးနိုင်ခဲ့ပြီး စီရော်နယ်ဒိုသည်     ရီးရဲမက်ဒရစ်နှင့်အတူ လာလီဂါ     အမှတ်ပေးပြိုင်ပွဲ၊   ချန်ပီယံ လိဂ်ဖလား၊   စပိန်စူပါဖလား၊ ဥရောပ စူပါဖလားများကို ရယူနိုင်ခဲ့သည်။ စီရော် နယ်ဒိုသည်     ဖီဖာက    ပေးအပ်ခဲ့သည့် တစ်နှစ်တာ  အကောင်းဆုံး  ကစားသမား  (The Best Player of the   year)   ဆုကိုလည်း ရရှိထားသည်။ ¤င်းတို့နှစ်ဦး သည် ဆယ်စုနှစ်အတွင်း      ရွှေဘောလုံးဆု ကို စိုးမိုးထားနိုင်ခဲ့သည်။

ရွှေဘောလုံးဆုကို   အများဆုံး သုံးကြိမ်စီ  ရရှိထားသော  နယ်သာလန် နိုင်ငံသား    မားကိုဗန်ဘတ်စ်တန်နှင့် ဂျိုဟန်ခရက်ဖ်၊         ပြင်သစ်နိုင်ငံသား မိုက်ကယ်ပလာတီနီတို့ကို ကျော်ဖြတ်ကာ (၂၁)ရာစုနောက်ပိုင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့က ငါးကြိမ်စီရရှိကာ ဦးဆောင် နိုင်ခဲ့သည်။                    သီဟ(MMAL)

No comments:

Post a Comment