Latest News

Wednesday, December 20, 2017

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ စီမံကိန်းမှ ဦးစားပေးစီမံကိန်း ၂၁ ခုကို မဖြစ်မနေ ဆောင်ရွက်မည်

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ စီမံကိန်းမှ ဦးစားပေးစီမံကိန်း ၂၁ ခုကို မဖြစ်မနေ ဆောင်ရွက်မည်

ရန်ကုန် ဒီဇင်ဘာ ၁၉

ရန်ကုန်မြို့လယ်ဗဟို စီးပွားရေးဇုန်အပါအဝင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာစီမံကိန်းမှ ဦးစားပေး စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာသန်းပေါင်း  ၂၉ဝဝ ကျော်သုံးစွဲရန် ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ   မြို့လယ်ဗဟို စီးပွားရေးဇုန်၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ အပါအဝင် မြို့ပြဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာစီမံကိန်းမှ  ဦးစားပေး စီမံကိန်းပေါင်း ၄၁ ခုတွင် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၅ ခုနှင့်   သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး စီမံကိန်း ၁၆ ခုကို ခွဲခြားဆောင်ရွက်မည်ဖြစ်သည်။ ယင်းစီမံကိန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး မင်းဓမ္မဒုတိယဗဟို စီးပွားရေးဇုန်  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊  ရန်ကင်းဗဟိုခွဲဇုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊  ကြည့်မြင်တိုင်မြို့သစ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ ရန်ကုန်ဘူတာကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ ဘူတာရုံခွဲ ဧရိယာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(ခ) ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အပါအဝင် ဦးစားပေး စီမံကိန်းပေါင်း ၂၁ ခုကို  မဖြစ်မနေ ဆောင်ရွက်မည် ဖြစ်သည်။

ထို့ပြင် ဘတ်စ်ကားစနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ ပန်းခြံမြေအောက် ကားရပ်နားရန်နေရာများ၊ မြို့ပြတန်ဖိုးနည်းအိမ်ရာ စီမံကိန်း ငွေကြေးထောက်ပံ့မှု အစီအစဉ်၊ ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စီမံကိန်း   (မြို့လယ်ဗဟို စီးပွားရေးဇုန်)၊  ပန်းခြံသစ်များ ဆောက် လုပ်ခြင်းစီမံကိန်း၊ မသန်စွမ်းသူများအတွက် နေထိုင် သွားလာမှု အခက်အခဲ မရှိစေရေး စီမံကိန်း၊  ပညာရေးစနစ် ပိုမိုခိုင်ခံ့ရေး စီမံကိန်း၊ မြို့ပြရှိ ဆင်းရဲသူများအား  ကူညီထောက်ပံ့ပေးရေး စီမံကိန်း၊   မြို့ပြဖွံ့ဖြိုး တိုးတက်မှု၊ စီမံခန့်ခွဲမှုနှင့်   စီမံခန့်ခွဲရေး စွမ်းဆောင်ရည်  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ကုက္ကိုဝရေသန့်စင် စက်ရုံနှင့် ရေပေးဝေရေး ပိုက်လိုင်းများ   ဆောက်လုပ်ခြင်း စီမံကိန်း၊ ဇုန်(၁)   ရေပေးဝေရေးပိုက်လိုင်း အသစ်ပြန်လည် တည်ဆောက်ခြင်း စီမံကိန်းနှင့်  မြို့လယ်ဗဟို စီးပွားရေးဇုန် မိုးရေစီးဆင်းမှုကောင်းမွန်ရေးတို့ ပါဝင်ကြောင်း သိရသည်။

ထိုစီမံကိန်းများအနက်မှ   မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေးအတွက် အမေရိကန် ဒေါ်လာသန်း ၆၃ဝ၊ ဗဟိုခွဲများ၊ မြို့လယ်ဗဟိုခွဲများနှင့် တခြားဦးစားပေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း ၃၂ဝ၊ မြို့လယ်ဗဟို စီးပွားရေးဇုန် ပြန်လည်ပြုပြင်ခြင်းအတွက် အမေရိကန်ဒေါ်လာသန်း ၂၉ဝ၊ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်၍ အမေရိကန်ဒေါ်လာ သန်း ၂ဝ  သုံးစွဲမှုအပြင် အခြေခံ အဆောက်အအုံများ   ဖွံ့ဖြိုးတိုးတက်မှု အတွက်  အမေရိကန်ဒေါ်လာ သန်း ၁၇ဝဝ သုံးစွဲရန် ခန့်မှန်းထားကြောင်း သိရသည်။(MWD)

No comments:

Post a Comment