ပရိသတ်အတွက် ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်မယ့် ခင်လှိုင်
သရုပ်ဆောင်ခင်လှိုင်က ပရိသတ်များ၏ အားပေးမှုကို ပြန်လည်တုံ့ပြန်သော အားဖြင့် လာမည့်နှစ်မှစ၍ ကျရာဇာတ်ရုပ်တွင် သရုပ်ဆောင်မည်ဟု ပြောသည်။ ''မကြာခင်ရုံတင်မယ့် တောကျီးကန်း ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ရင်း ခေါင်းကွဲခဲ့တယ်။
ဒီလိုမျိုး သရုပ်ဆောင်ရင်း မကြာခဏ ဒဏ်ရာရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒဏ်ရာတွေ ရရင်ရပါစေ ကျွန်တော်ကတော့ အကောင်းဆုံးပုံစံနဲ့ အပီပြင်ဆုံး သရုပ်ဆောင်မှာပါ'' ဟု သရုပ်ဆောင် ခင်လှိုင်ကပြောသည်။
လက်ရှိတွင် လူမိုက်ဇာတ်ရုပ်နေရာ၌ သရုပ်ဆောင်ရာတွင် ပီပြင်သောကြောင့် ပရိသတ်များ၏ နှစ်သက်အားပေးမှုကို ရရှိထားရာ ကျရာဇာတ်ရုပ်များမှ အပီပြင်ဆုံး သရုပ်ဆောင်ခြင်းကြောင့် မကြာခဏ ဒဏ်ရာများ ရရှိမှုကို ငဲ့ညှာနေမည် မဟုတ်ဘဲ အပီပြင်ဆုံး သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခင်လှိုင်သည် ၂ဝ၁၈ ခုနှစ်တွင် သရုပ်ဆောင် ဒိန်းဒေါင်နှင့် တွဲဖက်၍ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။(MWD)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment