Latest News

Wednesday, December 20, 2017

ဘဝကို အရင်လိုပဲ ဖြတ်သန်းမယ့် သရုပ်ဆောင် ဂန္တဝင်

ဘဝကို အရင်လိုပဲ ဖြတ်သန်းမယ့် သရုပ်ဆောင် ဂန္တဝင်

သရုပ်ဆောင် ဂန္တဝင်သည် အနုပညာသက်တမ်း ၁၈ နှစ်ရှိပြီဖြစ်ပြီး လက်ရှိအနုပညာ လှုပ်ရှားမှုများနှင့် ရှေ့ဆက်ဖြတ်သန်းရမည့် သူမ၏ ဘဝစိတ်ကူးများကို ယခုလို မေးမြန်းဖော်ပြ လိုက်ပါသည်။ လက်ရှိ အနုပညာ လှုပ်ရှားမှုတွေကို ပြောပါဦး။ mntv ကလွှင့်မယ့်   ဇာတ်လမ်းတိုလေး ရိုက်ထားပါတယ်။ သရဲခေါ်နည်း ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း    ရိုက်ထားပါတယ်။ သရုပ်ဆောင် နေသူရိန်၊ ပွင့်နဒီမောင် တို့လည်း ပါတယ်။

သရဲကားပါ။ ဒီလထဲမှာတော့ ရိုက်ကူးရေးမရှိပါဘူး။ ဇာတ်လမ်းတိုက ဒါရိုက်တာ ပြေဇင်ရိုက်ထားတာပါ။ သရုပ်ဆောင် သူထူးစံနဲ့ပါ။ အိမ်ထောင်ရေး ဇာတ်လမ်းလေးပါပဲ။ ဘဝခရီးကို တစ်ယောက်တည်း ဖြတ်သန်းတော့မှာလား။ အိက အခု အသက် ၃၅ နှစ်ကျော်ပါပြီ။ ဖြတ်သန်းလာခဲ့တဲ့ နှစ်တွေအရ အတွေးအခေါ်တွေ၊ ရင့်ကျက်မှုတွေက ကွာခြားလာပြီ ဖြစ်ပါတယ်။

ဘဝအတွေ့အကြုံရဲ့ သင်ခန်းစာရလာပြီး ရင့်ကျက်တဲ့ အရွယ်ကို ရောက်လာခဲ့တော့ အမှားတစ်ခုကို တွေ့ကြုံဖူးသွားပြီ ဆိုရင် နောက်မမှားအောင် ဆင်ခြင်သုံးသပ် နိုင်လာတယ်။ ဘုရား၊ တရားကသာ ကိုယ့်အတွက် ယုံကြည်ရာ၊ အားထားရာ ဖြစ်လာတယ်။

ဘယ်သူ့ကိုမှ စိတ်ဆိုး၊ စိတ်ကောက်တာတွေ မရှိတော့ပါဘူး။  ဘယ်သူ့ကိုမှလည်း အာဃာတတွေ၊ အမုန်းတွေမရှိဘူး။ နှစ် ၃ဝ လောက် တစ်ယောက်တည်း   နေလာခဲ့တာ ဆိုတော့ တစ်ယောက်တည်း နေရတာကိုကြိုက်တယ်။ အရင်လိုပဲ ဘဝကို ဖြတ်သန်းမယ်။

ငယ်ငယ်ကထက်တော့ ဘာသာရေးကို ပိုလုပ်ဖြစ်လာတယ်။ တရားစခန်း တွေလည်း ဝင်ဖြစ်တယ်။ ထို့ပြင် သရုပ်ဆောင် ဂန္တဝင်က ပုံလာလာပြောတိုင်းယုံ၊ ရင်ထဲမှာ ဘာညာဘာညာ ဇာတ်ကားတို့မှာ ပရိသတ် အသိအမှတ်ပြု ခံရသည့် ဇာတ်ကားများ ဖြစ်သည်ဟု ပြောသည်။(MWD)

No comments:

Post a Comment