Wednesday, December 27, 2017
ကျားဖောင်ပေါ်တွင် ထင်းချောင်းနှင့် အရိုက်ခံရ၍ ရေလုပ်သားတစ်ဦး သေဆုံး
ဖျာပုံမြို့နယ် အမာမြို့ကမ်းနှင့် ရေမိုင် (၃၅)မိုင်၊ ရေလံ(၉)လံခန့်ရှိ ပင်လယ်ပြင် မှာ ကျားဖောင်ဆွဲသူနှစ်ဦး အချင်းများရာမှ ထင်းချောင်းနဲ့ရိုက်ခဲ့တာကြောင့် အသက်(၄၂)နှစ်အရွယ်ဖောင်နောက်လိုက် တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် ၊ ညနေ (၅)နာရီအချိန်ခန့်က သေဆုံးသူ နဲ့ အခြားအမျိုးသားတစ်ဦးတို့ဟာ ကျားဖောင်ပေါ်မှာ ငါးဖမ်းပိုက်ဆွဲတင်နေစဉ် စကားများ ရန်ဖြစ်ကြရာက ဖောင်ပေါ်မှာ အသင့်ရှိနေတဲ့ အရှည် (၁)ပေခွဲခန့်၊လုံးပတ်တစ်လက်မခန့်ရှိ ထင်းချောင်းနဲ့ သေဆုံးသူရဲ့ ဦးခေါင်းကို အခြားအမျိုးသားတစ်ဦး က ရိုက်ခဲ့ရာက သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ အသက်သေဆုံးတဲ့ အထိ ဦးခေါင်းကို ထင်ချောင်းနဲ့ရိုက်ခဲ့သူ ကို ဒေါ်ညိမ်းနယ်မြေ ရဲစခန်း(ပ)၃၂/ ၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် လှစ်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ဒီသတင်းကို ကျော်စိုးမိုး(ဖျာပုံ)ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ကျားဖောင်ပေါ်တွင် ထင်းချောင်းနှင့် အရိုက်ခံရ၍ ရေလုပ်သားတစ်ဦး သေဆုံး
Reviewed by timeayeyar
on
8:08 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment