Wednesday, December 27, 2017
မောင်တောမြို့နယ် တရိန်းကျေးရွာတွင် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြိုတိုင်းရင်းသားတစ်ဦးသေဆုံး
ရခိုင်ဂေဇက်၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်သည့် မောင်တောမြို့နယ် တရိန်းကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မြိုတိုင်းရင်းသားတစ်ဦးအား လယ်ကွင်းပြင်တွင် ဓါးခုတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းကို တရိန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
သေဆုံးသူမှာ တရိန်းကျေးရွာတွင် နေထိုင်သော မြိုတိုင်ရင်းသား ဦးလောင်းပျောင် အသက် (၄၅) နှစ်ဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ငါးရှာသွားရာမှ တစ်ယောက် တည်းပြန်လာစဉ် လယ်ကွင်း စပါးပင်ကြား၌ အကြမ်းဖက်သတ်ဖြတ်ခြင်းဟု ယူဆရသော ဓါးဒဏ်ရာများဖြင့် သေဆုံးနေခဲ့သည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“အကြမ်းဖက်ခံရတဲ့ ဓါးဒဏ်ရာတွေနဲ့ သေဆုံးတာဟုတ်ပါတယ်။ မနေ့က အဖော် ၁၈ ယောက်နဲ့ ငါးရှာသွားတာပါ။ ဦးလောင်းပျောင်က တစ်ယောက်တည်း အစောကြီးပြန်လာတော့ အဖော်ပါလာတဲ့သူတွေ ကမသိလိုက်ကြပါဘူး။ ဒီနေ့ မနက် ၈နာရ်ီခွဲလောက်မှာ မြိုမိချောင်းကုလားရွာ အနီးလယ်ကွင်းလမ်းမှာ သူရဲ့ ခန္ဓာပေါ် ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရွာသားတွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။”ဟု တရိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က ရခိုင်ဂေဇက်သို့ပြောသည်။
ရွာသို့ပြန်လည်ရောက်ရှိမလာပဲပျောက်ဆုံးနေသူ ဦးလောင်းပျောင်အား ရွာသားများမှ လိုက်လံ ရှာဖွေကြရာ မှ ယနေ့နံနက်ပိုင်းက မြိုမိချောင်းကုလားရွာ အနီးလယ်ကွင်းစပါးပင်ကြား၌ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုရွာသားများက တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းအကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဦးလောင်းပျောင်မှာ လည်လီး ဓါးဒဏ်ရာတစ်ချက်၊ ရင်ဖက်ပေါ်တွင် ဓါးဒဏ်ရာ တစ်ချက်၊ (ဝဲ၊ယာ) လက်ကြားတွင် ဓါးဒဏ်ရာတစ်ချက်၊ လက်မာင်းနှင့် ဦးခေါင်းတို့တွင်လည်း ဓါးဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း တရိန်းကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
အဆိုပါအကြမ်းဖက်သတ်ဖြတ်ခံရမှုနှင့်ပတ်သတ်ပြီး တရားခံမှာ မည်သူမည်ဝါဖြစ်သည်ကို မျက်မြင်သက် သေမရှိသဖြင့် အကြမ်းဖက်ပြုလုပ်သွားသည့် တရားခံမှာ အဖွဲ့(သို့မဟုတ်)တစ်ဦးတည်း ဖြစ်သည်ကို လတ်တလောမှာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဖိုးခွားလေး
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်တောမြို့နယ် တရိန်းကျေးရွာတွင် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြိုတိုင်းရင်းသားတစ်ဦးသေဆုံး
Reviewed by timeayeyar
on
8:04 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment