Latest News

Saturday, December 30, 2017

ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းပေါင်း(၃၁၀၀)ကျော်ဖိုး သိမ်းဆည်းရမိ

ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းပေါင်း(၃၁၀၀)ကျော်ဖိုး သိမ်းဆည်းရမိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ၂၉ရက် ည၇နာရီခွဲက ဧရာဦးစစ်ဆင်ရေးစီမံချက်အရ စစ်ဆေးရှာဖွေရာမှ ငွေကျပ်(၃၁၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ ဒုတိယရဲအုပ် ကျော်ကျော်တင့်ဆွေ ဦးစီးတပ်ဖွဲ့ဝင်များ၊ဧရာဦးစစ်ဆင်ရေးမှ ရဲအုပ်သက်နိုင်လတ် ဦးစီးတပ်ဖွဲ့ဝင်များ၊ဝိုင်းမော်မြို့မရဲစခန်းမှ ရဲအုပ်ဝင်းလှိုင်စိုး ဦးစီးတပ်ဖွဲ့ဝင်များ၊ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်အွမ်နိန် ဦးစီးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဝိုင်းမော်မြို့နယ် ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ် ဝိုင်းမော်ဖက်မှ မြစ်ကြီးနားဖက်သို့ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်နေ အွန်ခွမ်အောင်(ခ)ဆိုင်းအောင်(၃၂)နှစ် မောင်းနှင်လာသည့် (YGN-6H----)နံပတ်ပါ TOYOTA PRADO အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ ဆီတိုင်ကီအတွင်း အံဝှက်ပြုလုပ်ထည့်ထားသည့် ဆပ်ပြာခွက်တစ်ခွက်လျှင် ဘိန်းဖြူ(၁၂)ဂရမ်နှင့်(၁၁)ဂရမ်စီပါ စုစုပေါင်း(၈၃)ခွက် ဘိန်းဖြူအလေးချိန်(၉၆၃)ဂရမ်၊ခန့်မှန်းတန်ဖိုးငွေကျပ်(၇၇၀၄၀၀၀၀)နှင့် 88/1စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား(၁၈၀၀၀)ပြား ခန့်မှန်းတန်ဖိုးငွေကျပ်(၅၄၀၀၀၀၀၀)သိန်း၊စုစုပေါင်း ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားတန်ဖိုး ကျပ်(၁၃၁၀၄၀၀၀၀)သိန်းအား သက်သေများရှေ့တွင် သိမ်းဆည်းရမိကြောင်း သိရသည်။
 အွန်ခွမ်အောင်(ခ)ဆိုင်းအောင်၏ စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းပစ္စည်းများမှာ တာမိုးညဲမြို့ မန်ဂျယ်အုပ်စု မန်ဂျယ်ကျေးရွာနေ နော်လီ(၂၅)နှစ်မှ မြစ်ကြီးနားမြို့ စက်မှုရပ်ကွက် ရုပ်တုအဝိုင်းအနီးသို့ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရ၍ ဆက်လက်ရှာဖွေရာ နော်လီ၏ ယာဉ်အမှတ်(YGN-2H----)TOYOYA PRADO အမျိုးအစား မော်တော်ယာဉ်ဆီတိုင်ကီနှင့် ယာဉ်ကြမ်းပြင်အံဝှက်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက်(၂၁၄)ခွက် ဘိန်းဖြူအလေးချိန်(၂ ဒဿမ ၃၅၄)ကီလို ခန့်မှန်းတန်ဖိုးငွေကျပ်(၁၈၈၃၂၀၀၀၀)ကျပ်အား ထပ်မံသိမ်းဆည်းရမိပြီး ၎င်းတို့နှစ်ဦးထံမှ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်(၃၁၉၃၆၀၀၀၀)သိန်းနှင့် နော်လီအမည်ပါနိုင်ငံသားစီစစ်ရေးကဒ်(၁)ခု၊နော်လီအမည်ပါ ယာဉ်မောင်းလိုင်စင်(၁)ခု၊နော်လီအမည်ပါ မြန်မာ-တရုပ် နယ်စပ်သွားလာခွင့်စာအုပ်(၁)အုပ်၊YGN-2H နံပတ်ပါTOYOTA PRADO မော်တော်ယာဉ်နှင့်
ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်(၁)ခု၊GIONEE အမျိုးအစားဖုန်းဟန်းဆက်(၁)လုံး၊YGN-6H နံပတ်ပါ TOYOTA PRADO အမျိုးအစား မော်တော်ယာဉ်(၁)စီတို့အား သိမ်းဆည်းရမိခဲ့သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ အွန်ခွမ်အောင်(ခ)ဆိုင်းအောင်နှင့် နော်လီတို့နှစ်ဦးအား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment