Latest News

Friday, December 29, 2017

ငြိမ်းချမ်းရေးရဖို့အတွက် အဖွဲ့အစည်းအသီးသီးဟာ ကိုယ့်ရဲ့တာဝန်ကို အလေးထားရမယ်

ငြိမ်းချမ်းရေးရဖို့အတွက် အဖွဲ့အစည်းအသီးသီးဟာ  ကိုယ့်ရဲ့တာဝန်ကို အလေးထားရမယ်

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ကယားပြည်နယ် ဒေသခံလူငယ်များ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဆွေးနွေးရာတွင် ဦးသျှားရယ်၏ ဆွေးနွေးမှုနှင့် စပ်လျဉ်း၍ ''တရားမျှတမှု ဆိုတာဘာလဲ ဆိုတာကို တစ်ယောက်ချင်း တစ်ယောက်ချင်းက စဉ်းစားရမယ်၊ တရားမျှတမှုဆိုတာ ဟိုဘက်ဒီဘက် ကြည့်ရပါမယ်၊ ငြိမ်းချမ်းရေး  ရဖို့ ခက်ခဲနေတာကလည်း ဟိုဘက်ဒီဘက် အဘက်ဘက်ကိုကြည့်တဲ့ အမြင်က အားနည်းနေသေးတယ်လို့ပဲ မြင်တယ်၊  တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရှိတယ်ဆိုရင်  တခြားသူရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်ချက်တွေကိုပါ နားလည်တယ်ဆိုရင်  ပိုပြီးတော့ အဖြေရှာဖို့ လွယ်တယ်။
''လူငယ်တွေရဲ့ အားသာချက်က ဘဝမှာ စာမျက်နှာတွေ က  များသေးတယ်၊ စာမျက်နှာအလွတ်တွေပေါ်မှာ ကိုယ်လို ချင်သလို ကိုယ့်ဘဝဇာတ်လမ်းကိုရေးဖို့က အခွင့်အလမ်း တွေရှိသေးတယ်၊ လူကြီးတွေက စာမျက်နှာလွတ်တွေ နည်း သွားပြီ၊  ကိုယ့်ဘဝအတွက် စာမျက်နှာသစ်တွေရေးဖို့ဆိုတာ အခွင့်အလမ်းတွေက နည်းလာတယ်၊ လူငယ်တွေက ကိုယ့်ရဲ့ အားသာချက်တွေ စာမျက်နှာလွတ်တွေကို  မှန်မှန်ကန်ကန် သုံးဖို့က အများကြီးလိုတယ်၊ ငြိမ်းချမ်းရေးရဖို့က ပြည်သူလူထု အားလုံးနဲ့  ဆိုင်တယ်၊ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးတဲ့ လူတွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး'' ဟု ပြန်လည် ဆွေးနွေးပြောကြားသည်။
ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး
ဒေါ်အဲလစ်ထွန်း၏  ဆွေးနွေးချက်နှင့်   ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''အနုတ်သဘောဆောင် တဲ့ ငြိမ်းချမ်းရေးနဲ့ အပေါင်းသဘောဆောင်တဲ့ ငြိမ်းချမ်းရေး ဆိုတာ  တကယ်တော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ပြောနေ တာပါ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ခွဲလို့မရပါဘူး၊ ငြိမ်းချမ်း ရေးရှိမှ ¶ဖြိုးရေး ရှိနိုင်မယ်၊ ¶ဖြိုးရေးရှိမှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မယ်၊ ¶ဖြိုးရေးမရှိလို့ ပဋိပက္ခဖြစ်ပြီး  ငြိမ်းချမ်း    ရေး  ပျက်စီးတာလည်း ရှိတယ်၊ ငြိမ်းချမ်းရေးမရှိနိုင်လို့ ¶ဖြိုး ရေးကို ဘယ်လိုမှ အားမစိုက်နိုင်လို့ ¶ဖြိုးတိုးတက်မှု မရှိတာ လည်း ရှိတယ်၊  ဒီဟာနှစ်ခုကို ခွဲပြီးတော့ မြင်ရမယ်၊ ခွဲပြီး ဆောင်ရွက်လို့တော့ မရပါဘူး၊ ဒီနှစ်ခုက  လက်တွဲပြီးတော့ သွားရမှာ ဖြစ်ပါတယ်။
''ကျွန်မတို့က အခွင့်အရေးချည်းပဲ ပြောလို့ မရပါဘူး၊ အခွင့်အရေးလို့ပြောတာနဲ့ တစ်ခါတည်း  တာဝန်ဆိုတာကို ပြောရမယ်၊ ပေးသင့်သလောက်ပဲပေးပြီး ယူသင့်သလောက်ပဲ ယူရပါမယ်၊  ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တာဝန်သိစိတ်နဲ့ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေကို မျှမျှတတနဲ့ မြင်ရမယ်၊ ငြိမ်းချမ်းရေးရဖို့ အတွက်  ဖွဲ့စည်းနေတဲ့  အဖွဲ့အစည်းအသီးသီးဟာ  ကိုယ့်ရဲ့ တာဝန်ကိုလည်း သဘောပေါက်ရမယ်၊ အလေးထားရမယ်၊ တခြားသူရဲ့ရပိုင်ခွင့်တွေလည်း သဘောပေါက်ရမယ်၊ အလေး ထားရမယ်၊ မျှမျှတတထားမှဖြစ်မယ်'' ဟု ဆွေးနွေးပြောကြား သည်။
ပြည်သူတွေကို လုပ်ပိုင်ခွင့်တွေပေး
ဦးမာရီးယို၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားရာတွင် ''ကြောက်စိတ်ဆိုတာက လူကို မဟုတ်တာတွေ  အများကြီး လုပ်စေတယ်၊ ကြောက်လို့ ခိုင်းတိုင်း လုပ်တယ်၊ မဟုတ်မှန်း သိပေမယ့် မလုပ်ရင် အထက်လူကြီးကနေ ငြိုငြင်မှာစိုးလို့၊ ဒဏ်ပေးမှာစိုးလို့၊ ဒုက္ခပေးမှာစိုးလို့ စသည်ဖြင့် မလုပ်သင့်တာကို လုပ်တယ်၊ အဲဒီတော့ လုပ်သင့်တာကိုလည်း မလုပ်ဘူး၊  ကြောက်ခြင်းတရားဆိုတာကလည်း လမ်းမှား    ပေါ်ကို ပို့တတ်တယ်၊ ကြောက်ပြီးတော့ လုပ်ရမှာကို သိရက်နဲ့ မလုပ်ဘဲ နေတာတွေလည်း ရှိတာပေါ့၊ ဒီကြောက်ခြင်းတရား တွေ ပပျောက်ဖို့ဆိုတာ ပြည်သူတွေကို လုပ်ပိုင်ခွင့်တွေပေးရ တယ်ဆိုတာလည်း အဲဒါပဲ။
''အစိုးရကလည်း  ဒီမိုကရေစီစနစ်အရ  ရွေးကောက်ပွဲ လုပ်တယ်၊ အစိုးရလုပ်တဲ့သူတွေကလည်း  ပြည်သူတွေကို ကြောက်ရတယ်၊ တော်ကြာ မဲမပေးမှာလည်း စိုးလို့၊ သူတို့ ကလည်း ကိုယ့်ကို ကြောက်တယ်ဆိုတာ သဘောပေါက်ပါ၊ အဲဒါကို သဘောပေါက်ပြီး လုပ်သင့်လုပ်ထိုက်တာကိုလုပ်ပါ'' ဟု ဆွေးနွေးသည်။
မေတ္တာတရား
ဒေါ်နှင်းနုဝေ၏ ဆွေးနွေးချက်အပေါ် ပြန်လည်ဆွေးနွေး ရာတွင် ''တကယ်ငြိမ်းချမ်းရေးမရှိတာတော့ မေတ္တာတရား   တွေ ခေါင်းပါးနေလို့ပဲ၊ မေတ္တာတရားတွေ များနေတဲ့နေရာမှာ ငြိမ်းချမ်းရေးမရှိစရာအကြောင်းမရှိပါဘူး၊ သုတေသနလုပ်တဲ့ သူတွေပြောတာကတော့  ပုထုဇဉ်လူသားတွေ သဘာဝအရ မုန်းစိတ်ကသိပ်ပြီး ဆွပေးဖို့ လွယ်တာပဲတဲ့၊ လူတွေက သူတို့ လုပ်ချင်တာလုပ်ဖို့၊  သူတို့လိုအပ်တာဖြည့်ဖို့ဆိုရင်  မေတ္တာတရား ကို ပိုပြီးတော့ ပွားများတဲ့နည်း မဟုတ်ဘဲနဲ့၊  အမုန်းတရားကို ဆွဖို့နည်းက ပိုပြီးတော့ လွယ်တယ်၊ ထိရောက်တယ်ဆိုတာကို တွေ့ရတာတွေ ပိုပိုများလာတယ်၊ ပိုပိုများလာတော့ မေတ္တာ တရားလည်း ခေါင်းပါးလာတယ်ဆိုပြီးတော့ ပြောပါတယ်၊ ဒါကြောင့် မေတ္တာတရားပွားများတယ်ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူး။
''ကျွန်မတို့နိုင်ငံသူ၊  နိုင်ငံသားတွေက ဘောလုံးပွဲဆိုရင် သိပ်ပြီး  ဝါသနာပါကြတယ်၊ အချိန်မတော်ညကြီးထကြည့် ဆိုလည်း  ကြည့်ကြတာပဲ၊  အဲဒီလောက်  ဝါသနာပါတဲ့အခါ ဘောလုံးအသင်းတစ်သင်းက နိုင်ဖို့ဆိုတာ သူတို့ အစုအဖွဲ့ အနေနဲ့ လုပ်တတ်မှနိုင်တယ်ဆိုတာ အားလုံးသဘောပေါက် ကြမှာပဲ၊ အသင်းထဲက တစ်ယောက်ထောင်ပြီး သူတစ်ယောက် တည်း တော်ချင်တဲ့သူတွေ  ကြာကြာမခံကြဘူး၊ သူ့ကြောင့် တခြားသူတွေလည်း  နစ်နာတယ်၊  မကျေနပ်မှုတွေလည်း ဖြစ်တယ်၊ အားလုံးအစုအဖွဲ့နဲ့ လုပ်တတ်ဖို့လိုတယ်၊ ငြိမ်းချမ်း ရေးရဖို့ဆိုတာ အရေးကြီးဆုံးကိစ္စတစ်ခုပဲ၊ အဲဒါ အိမ်ထဲမှာ စပြီးသင်ယူရမယ်၊ ကျောင်းမှာစပြီးသင်ရမယ်၊ ပညာရေးကနေ စပြီးတော့ ဒါကို အားပေးသွားရမယ်၊ အသက်ကြီးလာမှ နိုင်ငံရေးအရ ပြုပြင်ဖို့ဆိုတာက ဒီလောက်မလွယ်ဘူး''ဟု ဆွေးနွေးပြောကြားသည်။
တရားဥပဒေစိုးမိုးရေး
ဦးစိုးရာဇာဝင်း၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးရာတွင်  ''တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်းချမ်းရေးဟာ ဆက်နွှယ်နေတယ်ဆိုတာ ဟုတ်ပါတယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့  အခြေခံမူ သုံးခုက အမြဲတွဲထားပါတယ်၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တချို့တွေက တရားဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ ရှေ့မှာထားသလဲလို့ မေးပါတယ်၊ တကယ်တော့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ ပိုပြီးတော့ အရေးမကြီးဘူးလားဆိုတော့ တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့   ငြိမ်းချမ်းရေးကို ထိန်းထား လို့မရဘူး၊ တရားတဲ့  ဥပဒေဘောင်အတွင်းကနေ တစ်နည်း အားဖြင့် ပြောရမယ်ဆိုရင်တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတော့ ငြိမ်းချမ်းရေးကို တရားဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့က ထိန်းထားတယ်။
''ပညာရေးနဲ့ ပတ်သက်လို့   ဒီနိုင်ငံဟာ   သိပ်ပြီးတော့ အဆင့်အတန်းနိမ့်သွားတာ အကြောင်းနှစ်ခု ရှိပါတယ်၊ တစ်ခု က  ပညာရေးစနစ်ကိုက မကောင်းလို့   နိမ့်သွားတာ၊ နောက်    တစ်ခုက ငြိမ်းချမ်းရေးမရှိလို့၊ အဲဒါကတော့ နယ်စွန်နယ်ဖျား မငြိမ်းချမ်းတဲ့ဒေသတွေမှာ မှန်ပါတယ်၊ ကျောင်းမတက်နိုင် လို့၊ ကျောင်းတွေ မဖွင့်နိုင်လို့၊ ပညာမတတ်တာက တစ်မျိုး၊ ရန်ကုန် နဲ့ မ္တလေးတို့လို့ မြို့ကြီးတွေမှာ ကျောင်းတွေက ပိတ်ရတာမှ မဟုတ်ဘဲ။
''အများအားဖြင့် ကျောင်းတွေက ပိတ်ရလို့ မဟုတ်ဘဲနဲ့ ကျောင်းမှာသင်တဲ့ ပညာရေးစနစ်က  မမှန်လို့၊  တစ်ချိန် တစ်ခါတုန်းက  မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အရှေ့တောင် အာရှမှာတင်မဟုတ်ဘူး၊ အာရှတိုက်တစ်ဝန်းမှာဆိုရင် နံပါတ်  တစ်ပြေးတာပဲ၊  အခု အဲဒီလိုမဟုတ်ဘဲနဲ့  နံပါတ်နောက်ဆုံး လောက်ကနေဖြစ်နေတယ်၊ အဲဒါကတော့ ပညာရေးစနစ် မမှန်ကန်ခဲ့လို့၊ အဲဒီတော့ ပြင်ယူရမှာပဲ၊ ဒါပေမယ့် ပညာရေး စနစ်တစ်ခုကို   ပြင်တယ်ဆိုတာ  နေ့ချင်းညချင်းလုပ်လို့        မရဘူး၊  တချို့တွေက ဒီကာလရဲ့ ၁ဝ စုနှစ်တွေကြားထဲမှာ ကျောင်းသားလူငယ်တွေခံခဲ့ရတဲ့ ကိစ္စတစ်ခုကတော့ အစမ်း သပ်ခံဖြစ်သွားတာပေါ့၊ ပညာရေးနဲ့ ပတ်သက်လို့ မူတစ်ခုချ လို့ရှိရင် တကယ်တော့ အနည်းဆုံး ၁ဝ နှစ်လောက်တော့ ဦးတည်ပြီး ကြည့်ရမယ်။
''အဲဒါကို မကြည့်ဘဲနဲ့  တစ်နှစ် နှစ်နှစ်လောက်ပဲ ကြည့်ပြီး တော့ တစ်နှစ်၊ နှစ်နှစ်ထဲလုပ်ပြီးကြည့်တဲ့ဟာက  ခြောက်လနဲ့ အဆင်မပြေရင်လည်း ကိုးလနဲ့ပြောင်းရင် ပြောင်းလိုက်တာပဲ၊ ဒီလို လုပ်လို့မရဘူး၊ ရေရှည်ကို ကြည့်ရမယ်၊ ပညာရေးစနစ် တစ်ခု ပြောင်းဖို့ဆိုတာက အခု ကျွန်မတို့နိုင်ငံမှာ ဘယ်လို ဖြစ်နေလဲဆိုတော့ ဥပမာ- အားလုံးသိတဲ့ အင်္ဂလိပ်ဘာသာ စကားမှာ ညံ့နေတဲ့ကိစ္စ၊  အားနည်းနေတဲ့ကိစ္စ၊  အခု အင်္ဂလိပ် ဘာသာစကားက မသုံးချင်လို့မရဘူး၊ တစ်က္ဘာလုံးမှာ သုံးတယ်၊ တစ်က္ဘာလုံးနှင့်ယှဉ်ပြီးတော့  လုပ်မယ်ဆိုလို့ရှိရင် ဘာသာ စကားကို ကျွမ်းကျင်ဖို့လိုတယ်၊ ၁ဝ စုနှစ်ပေါင်းများစွာ အင်္ဂလိပ် ဘာသာစကား သင်ကြားမှုဟာ အားနည်းတဲ့အခါကျတော့ သင်နိုင်တဲ့  ဆရာ၊ ဆရာမတွေတောင် မရှိတော့ဘူး ဖြစ်နေ      တယ်။
''ဆရာ၊ ဆရာမတွေကိုယ်တိုင်က အားနည်းတဲ့စနစ်ထဲမှာ ကြီးလာပြီးတော့ ပညာသင်ယူခဲ့ရတာဆိုတော့ ဘယ်လိုလုပ် ပြီး  မှန်မှန်ကန်ကန် ပြန်သင်နိုင်မလဲ၊ ဆရာ၊ ဆရာမတွေကို တစ်ချိန်တည်းမှာ ပြုစုပျိုးထောင်ရတယ်ဆိုတာမလွယ်တော့ဘူး၊ တချို့တွေက လုပ်လို့မရတော့ဘူး၊ နည်းနည်းနောက်ကျ သွားပြီ၊ လုပ်လို့ရတဲ့  အငယ်ပိုင်း လူငယ်တွေတော့ရှိသေး တာပေါ့၊ ကျောင်းသားတွေကိုသာကြည့်ရတာ မဟုတ်ဘဲနဲ့  ဆရာ၊ ဆရာမတွေကိုပါ ပြန်သင်နေရ၊  မိဘတွေကိုပါ  သင်နေ ရပါတယ်၊ မိဘတွေကိုက အရင်တုန်းက မမှန်ကန်တဲ့စနစ်တွေ မှာ နေခဲ့ရတယ်ဆိုတော့ တချို့တွေက မပြောင်းချင်ကြဘူး၊ အပြောင်းအလဲကို မလိုလားကြဘူး၊ အဲဒါကြောင့် လူငယ်တွေ ကနေပြီးတော့  အပြောင်းအလဲကို  ပြောင်းသင့်တဲ့နေရာမှာ ပြောင်းဖို့ကိုတော့ သတ္တိရှိရှိနဲ့ လုပ်ရဲကိုင်ရဲဖို့ကတော့ အရေးကြီး ပါတယ်''ဟု ဆွေးနွေးပြောကြားသည်။

အသက်မွေးဝမ်းကျောင်းပညာ
ဒေါ်မို့မို့ထင်ဇော်မွန်၏ ဆွေးနွေးချက်အပေါ် ဆွေးနွေးရာ တွင် ''အခု ဒီနိုင်ငံမှာ  တက္ကသိုလ်ရောက်တဲ့နှုန်းကို  ကြည့် လိုက်ရင် မိန်းကလေးတွေက များလာပြီးတော့ ယောက်ျားလေး တွေက ရာခိုင်နှုန်းအနေနဲ့ နည်းနည်းသွားတယ်၊ အဲဒါကြောင့် မို့လို့  ယောက်ျားလေးတွေ  အဆင့်မြင့်ပညာသင်အောင်လို့ ဘယ်လိုလုပ်ရမလဲပေါ့၊ အဓိက  အစိုးရအနေနဲ့ အလေးထား တာကတော့ အသက်မွေးဝမ်းကျောင်းပညာ၊ ပညာဆိုတာဟာ ကိုယ့်ဘဝကို ကိုယ်ကျောင်းနိုင်ဖို့ ပညာသင်တာပဲ၊ ပညာတွေ သင်ထားပြီး ဘာမှမလုပ်နိုင်ရင်၊ စာအုပ်ကြီးတွေကိုင်ပြီးတော့ တစ်နေကုန် အိမ်မှာပဲထိုင်နေရင် ဘာမှမသုံးကျဘူး၊ ကိုယ့်ဘဝ ကိုကျောင်းနိုင်အောင်လို့ဆိုတော့ အသက်မွေးဝမ်းကျောင်း ပညာဟာ အင်မတန်မှ အရေးကြီးပါတယ်၊ အဲဒါကို ကြုံတုန်း လူငယ်တွေအားလုံးကို အားပေးချင်ပါတယ်။
''စီးပွားရေးနဲ့ ပတ်သက်လို့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး မိန်းကလေးတွေမှာ၊  အမျိုး သမီးတွေမှာ အခွင့်အလမ်းအများကြီး ရှိပါတယ်၊ က္ဘာ့အတွေ့ အကြုံအရ ဒီလိုအသေးစားနဲ့ အလတ်တန်းစား စီးပွားရေး လုပ်ငန်းတွေစတင်ဖို့ ငွေချေးတဲ့အခါမှာ အမျိုးသားတွေထက် အမျိုးသမီးတွေဟာ   အားကိုးရတယ်၊  အမျိုးသားတွေကို ပိုက်ဆံချေးလိုက်တဲ့အခါ တချို့က အရက်သောက်ရင်လည်း သောက်ပစ်လိုက်တယ်၊  သူတို့အတွက်  ပစ္စည်းပစ္စယတွေ ဝယ်ရင်လည်း ဝယ်လိုက်တယ်ပေါ့၊ အမျိုးသမီးတွေက မိသားစု အတွက် စဉ်းစားပြီးတော့ သေသေချာချာ  ရင်းနှီးမြှုပ်နှံပြီး       လုပ်ငန်းတစ်ခု  လုပ်တယ်ဆိုတာ  အဲဒါ  တစ်က္ဘာလုံးရဲ့ အတွေ့အကြုံအရ အမျိုးသမီးတွေကို ရင်းနှီးမြှုပ်နှံဖို့ငွေ  ပံ့ပိုး ပေးတာဟာ  ပိုထိရောက်တယ်ဆိုတာ  မြင်ခဲ့ရတယ်''ဟု ပြန်လည်ဆွေးနွေးသည်။

 တိုင်းပြည်ရဲ့ အကျိုးအတွက်  ညီညွတ်မှုရှာ
ဦးဖရားရယ်ရီးလို၏  ဆွေးနွေးချက်နှင့်  ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ''အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးက နည်းနည်းပိုပြီးတော့ အချိန်ယူရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြန်လည်ရင်ကြားစေ့ရေးဆိုတာဟာ အစုအဖွဲ့တွေ ကြားထဲမှာတင်မဟုတ်ဘူး၊ တစ်ယောက်ချင်း တစ်ယောက်ချင်းကြားထဲမှာလည်း ရင်ကြားစေ့ဖို့ လိုတာတွေ ပါလာတယ်၊ အစုအဖွဲ့အလိုက်တင် မဟုတ်ဘဲနဲ့ ဥပမာ- နိုင်ငံရေး ပါတီတွေဆိုရင် ငြိမ်းချမ်းရေးရနေတာပဲ၊ နိုင်ငံရေး ပါတီတွေက တစ်ခုနဲ့ တစ်ခု လက်နက်ကိုင်ပြီး တိုက်ခိုက်နေတာ မဟုတ်ဘူး၊ ဒါပေမယ့် တချို့နိုင်ငံရေး ပါတီတွေကတော့  ပြန်လည်ပြီး ရင်ကြားစေ့ဖို့    လိုတယ်၊  ပြန်ပြီးရင်ကြားစေ့ဖို့  လိုတယ်           ဆိုတာ တိုင်းပြည်ရဲ့ အကျိုးအတွက် ပြန်ပြီးတော့   ရင်ကြားစေ့ဖို့      လိုတယ်၊  တိုင်းပြည်ရဲ့  အကျိုးအတွက်  ညီညွတ်မှုရှာဖို့         လိုတယ်။

''တချို့က   အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  လုပ်တဲ့ကိစ္စလို့ထင် ပါတယ်၊ မဟုတ်ပါဘူး၊ ဥပမာလေးနဲ့ ပြောရမယ်ဆိုရင် ကျွန်မ တို့နိုင်ငံမှာ ကျွန်မတို့စပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်က အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ မူဝါဒကို လက်ကိုင် ပြီးတော့ နိုင်ငံရေးအရ လှုပ်ရှားလာတုန်းက ဘာကိုဦးတည် တာလဲဆိုတော့ ဒီမိုကရေစီကို ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီမို ကရေစီကို မယုံကြည်တဲ့၊ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အာဏာရှင်စနစ်ကို  ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေအကြား နိုင်ငံ့ အကျိုးအတွက် ရင်ကြားစေ့ဖို့ဟာကို ဦးတည်ပြီး ပြောတာပါ'' ဟု ဆွေးနွေးသည်။

အမြဲတမ်းအခက်အခဲရှိ
ဒေါ်အော်လေးဗီယာ၏ ဆွေးနွေးချက်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''တစ်က္ဘာလုံးရဲ့  အတွေ့အကြုံအရ    ဆိုရင်   တိုင်းရင်းသားလူမျိုးစုငယ်တွေက မိမိတို့ရဲ့ စာပေ ယဉ်ကျေးမှုကို ထိန်းသိမ်းရတာ အမြဲတမ်းရုန်းကန်ရပါတယ်၊ အမြဲတမ်းအခက်အခဲရှိပါတယ်၊ ဒါပေမယ့် ¶ဖြိုးတိုးတက်လာ တာနဲ့အမျှ ပိုပြီးတော့ ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ ကိုယ့်ရဲ့ဘာသာ စကားကို စိတ်ပါဝင်စားလာပြီး ပံ့ပိုးကြတယ်ဆိုတာကိုလည်း တွေ့ရပါတယ်၊ တိုင်းပြည်¶ဖြိုးရင်၊ ပြည်နယ်¶ဖြိုးရင် ယဉ်ကျေး မှုနဲ့ စာပေဘက်က ¶ဖြိုးလာမှာပါ။
  ကိုယ့်ရဲ့ တိုင်းရင်းသားစာပေ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ ဒါတွေက စားဝတ်နေရေးကို အထောက်အကူမပြုဘူးဆိုရင် အဲဒီဘက်ကို အာရုံမစိုက်နိုင်ဘူး၊  ဒါပေမယ့် ¶ဖြိုးတိုးတက် လာပြီဆိုရင် ဒါတွေကို ပိုပြီးတော့ တန်ဖိုးထားလာတတ်တယ်၊ ပိုပြီးတော့ စိတ်ပါဝင်စားလာတတ်တယ်၊ အဲဒီတော့ သိပ်ပြီး တော့ စိတ်မပူပါနဲ့၊ ဒါတွေ ထိန်းသိမ်းထားဖို့လည်း အစိုးရက ပံ့ပိုးပေးဖို့ တာဝန်ရှိပါတယ်၊ ပံ့ပိုးပါ့မယ်၊ တတ်နိုင်သလောက်  လုပ်ပေးပါ့မယ်၊ ဒါပေမယ့် တစ်တိုင်းပြည်လုံး စီးပွားရေး¶ဖြိုး တိုးတက်လာတာနဲ့အမျှ၊  ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားရတာနဲ့အမျှ ယဉ်ကျေးမှုဘာသာစကားတွေကို ထိန်းသိမ်း လာတာ၊ အားပေးလာတာ ပိုပြီးတော့ များလာတယ်ဆိုတာကို တွေ့ရပါတယ်၊   ကျွန်မတို့ အလေးထားပြီး ဆောင်ရွက်ပေးပါ့ မယ်''ဟု ဆွေးနွေးပြောကြားခဲ့သည်။             မြန်​မာ့အလင်း

No comments:

Post a Comment