Latest News

Saturday, December 30, 2017

ဆိုင်ကယ်တူးဘောက်အတွင်းမှငွေခိုးယူသူအားဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိ

ဆိုင်ကယ်တူးဘောက်အတွင်းမှငွေခိုးယူသူအားဖမ်းဆီးရမိပြီး                                အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိ

  ကျောက်ဆည်မြို့ကမ္ဘောဇဘဏ်မှ ပင်စင်လစာငွေထုပ်ယူပြီး ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထား သည့် ငွေများခိုးယူသူအား ကျောက်ဆည်မြို့မရဲစခန်းမှ အချိန်နှင့်တစ်ပြေးညီဖော်ထုတ်ဖမ်းဆီးပြီး အရေးယူ ဆောင်ရွက်ထားကြောင်းသိရှိရသည်။

 ဖြစ်စဉ်မှာ ရဲစုရပ်ကွက်နေ ဦးအောင်မြင့်တင်သည် ဒီဇင်ဘာ(၂၂)ရက်ညနေ(၃)နာရီအချိန်က ကမ္ဘောဇ ဘဏ်မှ ပင်စင်လစာငွေ(၁)သိန်းခုနှစ်သောင်းကျပ်အားထုတ်ယူပြီး ဆိုင်ကယ်တူးဘောက်အတွင်းထည့်ပြီး နေ အိမ်ပြန်လာစဉ် ဝင်းလိုက်စားသောက်ဆိုင်ရှေ့အရောက်တွင် အိမ်ရှိမိသားစုအတွက် ဆိုင်ကယ်ရပ်ပြီး ခေါက်ဆွဲ ကြော်ဝယ်ယူပြီးနေအိမ်သို့ပြန်လာခဲ့ရာ နေအိမ်အရောက်တွင် ဆိုင်ကယ်တူးပေါက်အတွင်းမှ ငွေများထုတ်ယူရာ မတွေ့ရှိတော့သဖြင့် ခေါက်ဆွဲကြော်ဝယ်သည့်ဆိုင်သို့ပြန်လာပြီး၎င်းဆိုင်နီးတပ်ဆင်ထားသော စီစီတီဗွီမှတ်တမ်း အား တောင်းယူကြည့်ရှုပြီး တရားခံအားရှာဖွေစုံစမ်းမှုများပြုလုပ်ခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိသဖြင့် ဒီဇင်ဘာ (၂၈)ရက် ညနေ(၃)နာရီခွဲအချိန်ခန့်တွင် ဦးအောင်မြင့်တင်၏ဇနီးဖြစ်သူက မြို့မရဲစခန်းသို့လာရောက်ပြီး ငွေခိုး ယူသွားသူအား အရေးယူဆောင်ရွက်ပေးနိုင်ရန် လာရောက်တိုင်တန်းသဖြင့်မြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်သည် ဘောဂဝတီရပ်ကွက်ဆယ်အိမ်မှူးဦးဇော်လွင်ဦးနှင့်သစ်ကြီးတန်းရပ်ကွက်ရာအိမ်မှူး ဦး အုန်းလှိုင်တို့နှင့်အတူ စားသောက်ဆိုင်ဘေးရှိစီစီတီဗွီမှတ်တမ်းများအားထပ်မံစစ်ဆေးကြည့်ရှုပြီး တရားခံအား ရှာဖွေရာ အမှုလက်ခံသည့်ရက်ညနေ(၄)နာရီအချိန်တွင် တရားခံရွှေအေး၊မြောင်းဦးကျေးရွာနေသူအား ကမ္ဘောဇ ဘဏ်ရှေ့တွင် တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပြီး မြို့မရဲစခန်းမှအမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။(မြန်​မာ့အလင်း)

No comments:

Post a Comment