Latest News

Wednesday, December 27, 2017

တရုတ်နိုင်ငံသား ကိုးဦးအား ပြစ်ဒဏ်စေ့၍ ပြည်နှင်လွှဲပြောင်း

တရုတ်နိုင်ငံသား ကိုးဦးအား ပြစ်ဒဏ်စေ့၍ ပြည်နှင်လွှဲပြောင်း

တာချီလိတ် ဒီဇင်ဘာ ၂၆

ပြစ်ဒဏ်စေ့သည့် တရုတ်နိုင်ငံသား ကိုးဦး အား တရုတ်နိုင်ငံ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းနိုင်ရန်အတွက် တာချီ လိတ်လေဆိပ်မှတစ်ဆင့် လေကြောင်း ခရီးဖြင့် လားရှိုးလေဆိပ်သို့ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ပို့ဆောင်ခဲ့သည်။

အဆိုပါ ပြည်နှင်ဒဏ်အမိန့် ရရှိပြီး ဖြစ်သော တရုတ်နိုင်ငံသား Mr.Lin Qingxing အပါအဝင် ကိုးဦးတို့အား မိုင်းဖြတ်မြို့နယ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဒုတိယလူ ဝန်မှုကြီးကြပ်ရေးမှူး ဦးအောင်လှိုင်ဝင်းနှင့် ပြည်နှင်အဖွဲ့ က တာချီလိတ်လေ ဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် လားရှိုးလေဆိပ်သို့ ပို့ဆောင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ဒုတိယပြည်နယ် ဦးစီးမှူးရုံး၏ အစီ အမံဖြင့် မူဆယ်မြို့ နန်းတော်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံ တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ရန် အတွက် ထွက်ခွာသွားခဲ့သည်။

တရုတ်နိုင်ငံသား ကိုးဦးသည် ၂ဝ၁၇ ခုနှစ် ဧပြီ ၁ဝ ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းကိုးကျေးရွာ အုပ်စု မောတွီ(လားဟူ)ရွာအနီး တောင်ပေါ် ၌ တရားမဝင် ရွှေတူးဖော်နေသဖြင့် ဖမ်းဆီးခံရကာ တာချီလိတ်မြို့နယ် တရား ရုံး၌ အကြိမ် (၂ဝ)မြောက် ရုံးထုတ် စစ်ဆေး ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် ရုံးချိန်း တွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား သဖြင့် ၄င်းတို့ကို အလုပ်နှင့် ထောင်ဒဏ် ခြောက်လကျခံခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဒီဇင် ဘာ ၂၆ ရက်တွင် အကျဉ်း ကျခံနေရာမှ ပြစ်ဒဏ်စေ့ လွှတ်မြောက်ခဲ့ကြောင်း သိရသည်။

 မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment