Latest News

Wednesday, December 27, 2017

နောင်ချိုမြို့နယ်၌ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့၍ အမျိုးသား ၄ဦးဒဏ်ရာရရှိ

နောင်ချိုမြို့နယ်၌ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့၍ အမျိုးသား ၄ဦးဒဏ်ရာရရှိ

 ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ၂၃၀၀ အချိန် နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာ မြင့်သာစိုက်ခြံအတွင်းတောစပ်၌ ဗုံးပေါက်ကွဲမှုဖြစ် ပွားကြောင်း သတင်းအရ နောင်ချိုမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခမရ(၁၁၅)မှ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ တီခွန်တောင်(၂၂)နှစ် ပါ ၄ ဦးတွင် ဦးခေါင်း၊ ကျောကုန်း၊ ခါး၊ ဒူးခေါင်းပေါက်ပြဲပွန်းပဲ့ ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိထားသည်ကိုတွေ့ရှိ၍ ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါဖြစ်စဉ်အား မေးမြန်းရာ ၂၀၃၀  အချိန် တီခွန်တောင်ပါ ၁၀ ဦးသည် ဝတ်ပြုကျောင်းမှဝတ်ပြုဆုတောင်းပြီး ဆိုင်ကယ်များဖြင့် ပြန်လာစဉ် မြင်သာစိုက်ခြံအနီး အရောက်၌ လူတစ်ဦးသည် စိုက်ခင်းထဲမှပြေးထွက် လာပြီး ဓားဖြင့် လှမ်းခုတ်၍ ရှောင်တိမ်း ခဲ့ပါကြောင်း၊ ၎င်းနောက် ဓားဖြင့်ခုတ်သူအား စိုက်ခြံအတွင်း၌ လိုက်လံရှာဖွေစဉ် စိုက်ခြံအနီး တောစပ်တွင် ဓားဖြင့်လှမ်းခုတ်သူ ပါ(စိစစ်ဆဲ) ၆ ဦးမှ ဆိုင်ကယ်မီးများထိုး၍ အသင့် စောင့်ဆိုင်းနေပြီး လက်လုပ်ဗုံးဟုယူဆရသည့် ဗုံးဖြင့်ပစ်ပေါက်ခဲ့၍ ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း သိရှိရပြီး နောင်ချိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခမရ(၁၁၅) မှ တပ်မတော်သား တို့မှ အခင်းဖြစ်နေရာ အနီးတစ်ဝိုက်တွင် စုံစမ်းရှာဖွေလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Ref; ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment