Latest News

Friday, December 22, 2017

လှိုင်းတေးသံသွင်း နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ်စီးရီးဖြန့်ချိမည်

လှိုင်းတေးသံသွင်း နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ်စီးရီးဖြန့်ချိမည်

အဆိုတော် ခင်မောင်တိုး၏ တေးစီးရီးများစွာကို ပင်တိုင်ထုတ်လုပ်ဖြန့်ချိခဲ့သော ''လှိုင်း'' တေးထုတ်လုပ်ရေး၏ နှစ်(၅ဝ) ပြည့် ''ရွှေရတုအထိမ်းအမှတ်'' တေးစီးရီးခွေကို ယခုလ ၂၇ ရက်တွင်  စတင်ဖြန့်ချိသွားမည်ဟု သိရသည်။

အဆိုပါတေးစီးရီးတွင် အဆိုတော် အောင်ထက်၊ စောလားထော်ဝါး၊Mဇော်ရိန်၊ မိုးသောက်၊ နေမင်းအိမ်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ ဘီလီလမင်းအေးနှင့်ဲနတနူ တို့ ပါဝင်သီဆိုထားသော တေးသီချင်း ၁၂   ပုဒ်ပါဝင်ပြီး တေးသီချင်းများအနေဖြင့် ယခင်က ခင်မောင်တိုး သီဆိုခဲ့သော  တေးသီချင်းများကို ပြန်လည်သီဆိုထားခြင်းဖြစ်သည်။

''ဒီအခွေလေးကို  လုပ်ဖြစ်တာကတော့ ''လှိုင်း''တေးထုတ်လုပ်ရေးက ကိုÓဏ်လင်းနဲ့ တိုင်ပင်ပြီး လုပ်ဖြစ်သွားတာပါ၊ သီချင်းတွေအားလုံးက တာဝန်ကြီးတာမို့ သီဆို မယ့် အဆိုတော်ကအစ  သေချာရွေးရတယ်၊ သီချင်းတွေဆိုလည်း တေးရေးဆရာ အဉ္ဇလီမောင်မောင်ရဲ့ သီချင်းတွေ ဖြစ်နေတယ်၊ အဲဒီတော့ ကိုဉာဏ်လင်းက ''လှိုင်း''ထုတ်လုပ်ရေး ကနေ  အမှတ်တရ အခွေလေးလုပ်မယ်ဆိုပြီး ပြောလာတယ်၊ ကျွန်တော်က ပင်တိုင်တီးခတ်ရမယ်ဆိုတော့ အင်မတန်ကို သေချာစိစစ်မှ ရတော့မယ်ဆိုတဲ့အသိက ရှိလာတယ်၊ သီချင်းစတိုက်ကြတဲ့အခါ မဖြူဖြူကျော်သိန်းတို့၊  စောလားထော်ဝါးတို့ တိုက်နေတဲ့အချိန်၊  အွန်လိုင်းပေ့ခ်ျတစ်ခုကနေလွှင့်တော့ အားလုံးကဝေဖန်ကြတယ်၊ သီချင်းတွေပျက် ပြီဆိုပြီးပြောလာကြတယ်၊ အဲဒီတော့ ပြောတဲ့သူတွေ အားလုံးကို ပြောချင်ပါတယ်၊ ကျွန်တော်တို့က ဒီသီချင်းတွေသီဆိုဖို့အတွက် ကီးချိန်နေတာပါ၊ ဒါကို ဒီသီချင်းကို ဒီလိုဆိုမှာ လားလို့ပြောတာ တော်တော်ဆိုးပါတယ်၊  ကီးချိန်တယ်ဆိုတာ အဆိုတော်အသံသိဖို့ ဂီတာနဲ့ ညှိတာပါ၊ ဒါကိုဝေဖန်နေတာ မြင်ရတဲ့အခါ ဒါတောင်မသိဘဲ ဂီတလောကကို ဘယ်လိုသုံးသပ်ကြမှာလဲလို့ပဲ ပြောချင်ပါတယ်''ဟု  Lazy Club  မှ ကိုနိုင်ဇော်က ပြောသည်။                                                                                              ကိုလင်း

No comments:

Post a Comment