Latest News

Friday, December 22, 2017

ကျော်ကျော်ဗို၏ ပရဟိတအတွက် လူမှုကွန်ရက်ကို ပရိသတ်များ ကြိုက်နှစ်သက်

ကျော်ကျော်ဗို၏ ပရဟိတအတွက် လူမှုကွန်ရက်ကို ပရိသတ်များ ကြိုက်နှစ်သက်

လူမှုကွန်ရက်စာမျက်နှာပေါ်တွင်    သရုပ်ဆောင်ကျော်ကျော်ဗိုက   ဒီဇင်ဘာ ၁၉ ရက်က ပို့စ်တစ်ခုတင်ထားခဲ့ပြီး ယင်းပို့စ်အား ကြိုက်နှစ်သက်သည်Like ပါက သုံးကျပ်၊ မှတ်ချက်  Comment  ပေးပါက နှစ်ကျပ်နှင့် မျှဝေ  Share ခြင်းပြုလုပ်ပါက တစ် ကျပ် သတ်မှတ်ကာ ရရှိလာသည့် ငွေ$များကို နှစ်သစ်ကူးအလှူအနေဖြင့် အားပေး ကြသူများ အားလုံးကိုယ်စား အနုပညာချွေးနဲစာဖြင့် ပရဟိတလုပ်ငန်းတစ်ခုသို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း ရေးသားထားခဲ့သည်။
ယင်းပို့စ်သည် အထူးခြားဆုံး အလှူဖြစ်ပြီး ကာယကံရှင်ကို အားပေးကြသည့် ပရိသတ်များစွာ ထွက်ပေါ်ခဲ့ပြီး ကြိုက်နှစ်သက်သူ ခြောက်သောင်းကျော်နှင့် မှတ်ချက် ပေးသူ သုံးသောင်း၊ ပြန်လည်မျှဝေသူ ငါးထောင်ခန့်ကို ၂၄ နာရီအတွင်း ရရှိခဲ့သည်။

“''စတန့်ထွင်တာတော့ မဟုတ်ပါဘူး၊ အားလုံးကိုလည်း အလှူပါစေချင်တယ်၊ အမှတ်တရလည်း ဖြစ်စေချင်တယ်၊ အခုလိုအားလုံးက ဝိုင်းပြီးကူညီပေးတာလည်း ကျေးဇူးတင်ပါတယ်''ဟု ကျော်ကျော်ဗိုက ဖြေကြားသည်။

အဆိုပါလူမှုကွန်ရက်တွင်  တင်ထားသည့်စာအတွင်း  သံသရာမကုန်သေးသရွေ့ အားလုံးနှင့် ရေစက်ဆုံချင်သေးလို့၊ လက်တွေ့ဘဝမှာပဲဖြစ်ဖြစ်၊ ပုံရိပ်ယောင်ဘဝထဲမှာ ဖြစ်ဖြစ်ဟုရေးသားထားခဲ့ပြီး အနုပညာမောင်နှမများအပါအဝင် ပရိသတ်အများအပြား သဘောကျကြိုက်နှစ်သက်ခဲ့သည်ကို မြင်တွေ့ရသည်။                         သွန်းဝဿန်

No comments:

Post a Comment