မိဘမေတ္တာဘွဲ့ဇာတ်လမ်းများများ ရိုက်စေလိုသည့် ထပ်ဆင့်အကယ်ဒမီဝတ်မှုန်ရွှေရည်
ဒါရိုက်တာ စင်ရော် မောင်မောင် ရိုက်ကူး ထားသည့် ''ထာဝရ အမေ'' ရုပ်ရှင်ဇာတ်ကား ကြီးတွင် ဆရာဝန် တစ်ယောက်၏ ချစ်သူ အဖြစ် ပါဝင်သရုပ် ဆောင်ထားသူ အကယ် ဒမီ ဝတ်မှုန်ရွှေရည်က ယနေ့ခေတ် မြန်မာ ရုပ်ရှင်ဇာတ်ကားများ အနေဖြင့် မိဘမေတ္တာဘွဲ့ ဇာတ်လမ်းများ ရိုက်ကူး မှု နည်းပါးလာရခြင်း အပေါ် ခံစားချက် အချို့ကို ဖွင့်ဟလာပြီး ညီမဖြစ်သူ အနုပညာ လောကထဲကို ဝင်ရောက် ခဲ့ခြင်းနှင့် ပတ်သက်ပြီး လည်း ပြောကြားသည်။
''ညီမလေးက အနု ပညာအလုပ်ကို ပြော ရရင် ထက်ထက်သန်သန် တော့ ဝါသနာမကြီးဘူး၊ ဒါပေမယ့်သူက ကလေး ဆိုတော့လည်း ဓာတ်ပုံ ရိုက်တာကို ဝါသနာတော်တော်ပါတယ်၊ ကစ်ကစ်အထင် သူကသိပ်ပြီးတော့လည်း စိတ်ရှည်မယ့်ပုံ မပေါ်ဘူး၊ အနုပညာအလုပ်ဆိုတာက သည်းခံရတယ်၊ ကိုယ့်အတွက် ဆိုတာကို တော်တော်ကို မေ့ထားရတယ်၊ အကုန်လုံးက ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အချိန်ဆိုတာ မရှိဘူးလေ၊ ဒီအလုပ်က အများနဲ့ လုပ်ရတာဆိုတော့ သူက အဲဒီလောက်ကြီးတော့ စိတ်မရှည်ဘူး၊ သူ့နဲ့ကစ်နဲ့က ၁ဝ နှစ်လောက်ကွာတယ်၊ အသက်ကကွာတော့ သိပ်ပြီးတော့ မရင်းနှီး ချင်ဘူး၊ သူကအေးတော့ ကစ်ကနေပဲ စကားလိုက်ပြောရတယ်''ဟု သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က ညီမဖြစ်သူနှင့် ပတ်သက်၍ ပြောပြသည်။
မကြာမီ ရုံတင်ပြသတော့မည့် ''ထာဝရအမေ'' ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင် ဝတ်မှုန်ရွှေရည်သည် ဒေါက်တာခင်လေးရီနေရာ၌ ပါဝင်သရုပ်ဆောင် ထားရာ '' ထာဝရအမေ ရုပ်ရှင်ဇာတ်ကားမှာ ကစ်က ဒေါက်တာခင်လေးရီ နေရာက နေပြီးတော့ ပါဝင်ထားပါတယ်၊ ဒေါက်တာ ခင်မောင်ဝင်းရဲ့ အမျိုးသမီးပေါ့၊ ခင်ပွန်းအပေါ်မှာ အများကြီးကို နားလည်ပေးတယ်၊ ကိုယ့်ယောက္ခမနဲ့ ခင်ပွန်းသည် နဲ့ ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်ကဘေးကနေပြီးတော့ ဖြည့်ဆည်း ပေးတဲ့သူတစ်ယောက်ပေါ့''ဟု ပြောသည်။ ''ထာဝရအမေ'' ရုပ်ရှင်ဇာတ်ကား ကြီးသည် သာမန်အချစ်၊ ဒရာမာ ရုပ်ရှင်ဇာတ်ကားများနှင့် ကွဲထွက်နေပြီး ယနေ့ခေတ်ရုပ်ရှင်လောကတွင် ရိုက်ကူးခြင်း မရှိသလောက် ရှားပါးနေသည့် မိဘမေတ္တာကို ဖော်ကျူးထားသည့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ရာ ယင်းဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ရခြင်းအတွက် လည်း ဂုဏ်ယူဝမ်းသာကြောင်း ဝတ်မှုန်ရွှေရည်က ပြောသည်။
''အခုနောက်ပိုင်းမှာ မိဘမေတ္တာကို ဖော်ကျူးတဲ့ ရုပ်ရှင်နည်းလာတယ်၊ ဒီဇာတ်လမ်းက တော်တော်လည်းကောင်းပြီး ရိုက်ကူးတဲ့အခါမှာလည်း သေသေ ချာချာ ပြင်ဆင်ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်၊ ဇာတ်ကားကောင်း တစ်ကားလို့ ပြောလို့ရပြီး ကစ်ကစ်အနေနဲ့လည်း အမေကိုချစ်တဲ့ သမီးတစ်ယောက် ဖြစ်တဲ့အတွက် ဒီလိုမျိုးဇာတ်လမ်းမှာ ပါဝင်ရတဲ့အတွက် ဝမ်းသာပါတယ်'' ဟု သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က ပြောသည်။
''အမေဆိုတာက တစ်ခါတလေကျရင် ရိုက်ပြဖို့မေ့နေတတ်တာတွေရှိတယ်၊ ဒီဇာတ်ကားမှာကျတော့ အမေနဲ့ပတ်သက်တာကို သေသေချာချာလေးကို ရိုက်ပြထားတာဆိုတော့ အမေဆိုတာကို အားလုံးက မမေ့မလျော့ဘဲနဲ့ ရိုက်ပြ ပေးတာကို ကစ်ကလည်းကျေးဇူးတင်တယ်၊ ကစ်ရဲ့ရပ်တည်မှုကလည်း အဓိက မိဘပေါ့၊ ကစ်အလုပ်လုပ်နေတာတွေကလည်း ရာခိုင်နှုန်းပြည့်နီးပါးက မိဘ အတွက်ပဲ၊ ပြီးတော့မှသာ တခြားအရာတွေလာတာပါ''ဟု သရုပ်ဆောင်ဝတ်မှုန် ရွှေရည်က မိခင်အပေါ် ထားရှိသည့်သဘောထားကိုပြောပြသည်။ ကိုလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment