Latest News

Thursday, December 28, 2017

ရေတာရှည်မြို့နယ်၌ ဝူခုန်းသခွားမွှေးစတင်စိုက်ပျိုးလျက်ရှိပြီး မကြာမီ တရုတ်ဈေးကွက်သို့တင်ပို့မည်

ရေတာရှည်မြို့နယ်၌ ဝူခုန်းသခွားမွှေးစတင်စိုက်ပျိုးလျက်ရှိပြီး မကြာမီ တရုတ်ဈေးကွက်သို့တင်ပို့မည်

ရေတာရှည်   ဒီဇင်ဘာ ၂၈

တရုတ်ဈေးကွက်၏ဝယ်လိုအားကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ တောင်ဘက် ဆွာချောင်းအနီးတွင် စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိသော ဝူခုန်းသခွားမွှေးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီဈေးကွက်သို့ တင်ပို့နိုင်တော့ မည်ဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးနေ သည့် တောင်သူတစ်ဦးက ပြောကြားသည်။

''တရုတ်နိုင်ငံရဲ့မြေအနေအထားထက် ကျွန်တော်တို့ဆီကမြေ ကပိုစိုက်ပျိုးလို့ကောင်းတယ် သူတို့ဘက်က မျိုးကိုဈေးကြီးကြီးနဲ့ တင်ပို့ရောင်းချတယ် အဲ့ဒီမျိုးကိုပဲ ကျွန်တော်တို့ဘက်ကတောင်သူတွေစိုက်တော့ အောင်မြင်တယ် ဈေးကွက်ကောင်းတယ် အခုစစိုက်တဲ့ ဝူခူန်းသခွားမွှေးဆို ဈေးကွက်ကောင်းတယ် တစ်လုံးကို တစ်ကီလို နှစ်ကီလိုခွဲလောက်အထိကြီးတယ် ဒီမှာ စိုက်တဲ့အခါကျတော့ တစ်ဧကကို အပင်ရေ ၆ဝဝဝ လောက်ဝင်တယ် ရေသွင်း၊ မြေသြဇာ၊ အပင်နဲ့ အသီးကိုပြုစုဖို့ အလုပ်သမားစရိတ် အားလုံးတွက်ကြည့်ရင် ၂၅ သိန်းနဲ့ ၃ဝ အကြားကုန်ကျစရိတ်ရှိပါ တယ်''ဟု ၄င်းကပင်ဆက်လက်ပြောကြားသည်။

ယခုစိုက်ပျိုးသည့် သခွားမွှေးမှာ တိုင်ထောင်မျိုးဖြစ်ကာ အရွက်အားကိုထိန်းသိမ်းရခြင်းနှင့် အသီးကို စက္ကူအိတ်များဖြင့်သွပ်၍ ပိုးမွှားများကျရောက်ခြင်းမရှိစေရန် ဆောင်ရွက်ရခြင်းတို့ကြောင့် အလုပ်သမားစရိတ်များစွာကုန်ကျမှုရှိသော်လည်း လက်ရှိ မူဆယ်ပေါက်ဈေး နှုန်းအရ တစ်လုံးလျင် နှစ်ထောင်ကျပ် နှင့်အထက်ပေါက်ဈေးရှိသည့်အတွက် အကျိုးအမြတ်များစွာရရှိ နိုင်ကြောင်း ခန့်မှန်းမှုများလည်းရှိနေသည်။ ကိုလွင်(ဆွာ)

No comments:

Post a Comment