Latest News

Thursday, December 28, 2017

တရားမဝင်သစ်များသယ်ဆောင်လာသည်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

တရားမဝင်သစ်များသယ်ဆောင်လာသည်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

တန်.ဆည်  ဒီဇင်ဘာ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တန်.ဆည်မြို.နယ်ကံထူးမနယ်မြေရဲစခန်းနယ်မြေ၌ဒီဇင်ဘာ(၂၆)ရက်နံနက်(၉း၄၅)နာရီအချိန်ခန်.တွင်တရားမဝင် သစ်များသယ်ဆောင်လာသည်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ.ကြောင်း သိရသည်ဖြစ်စဉ်မှာတန်.ဆည်မြို.နယ်တောဂျင်ကျေးရွာအနီး ရေဦး-ကလေးကား လမ်းတွင်တရားမဝင်သစ်များသယ်ဆောင်လာသည် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရတောဂျင်ရဲကင်းစခန်းမှတပ်ဖွဲ.ဝင်များမြို.နယ်သစ်တောဌာနမှဝန်ထမ်းများသက်သေများပါဝင်
သောပူးပေါင်းအဖွဲ.မှသွားရောက်ကြည့်ရူစစ်ဆေးရာမဟာမြိုင်တောဘက်မှတန်.ဆည်မြို.နယ်ဖိုးနှုတ်ကျေးရွာနေထိုင်သူဇော်မျိုးဦး(ခ)မောင်ဦး (၃၄)နှစ်မောင်းနှင်လာသည်အစိမ်းရောင်ထော်လာဂျီ(၆)ဘီးယာဉ်သည်ယာဘက်နောက်ဘီးပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ.ကြောင်းသိရှိရပြီးအဆိုပါယာဉ်ပေါ်မှတရားမဝင်ကျွန်းသစ်ခွဲသား(၁၆)ချောင်း(ဝ.၉၁၃၄) တန်သစ်မာခွဲသား(၂၄)ချောင်း(၃.၅၈၆ဝ)တန်တို.အား တွေ့ရှိ သိမ်းဆည်းရမိခဲ.သဖြင့်မောင်ဦး(ခ)ဇော်မျိုးဦးအားကံထူးမနယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းရဲမှတ်တမ်းများအရသိရသည်။ကျော်ကျော်(မလိုင်)

No comments:

Post a Comment