နေပြည်တော်၊ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မုံးကိုးမြို့၏အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ မန်ဂျီကျေးရွာမှ ကြူကုတ်ကျေးရွာသွား ကားလမ်းဘေး၌ ဟန်းကောဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး အား လမ်းဘေးကျောက်ပုံအတွင်း မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့သဖြင့် အများပြည်သူ အန္တရာယ်မရှိစေရေး သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ပြီးဖြစ်သည်။
အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။
Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment