Latest News

Thursday, December 28, 2017

မောင်တောမြို့နယ်၌ မြိုတိုင်းရင်းသား ၁ဦး အသတ်ခံရမှု

မောင်တောမြို့နယ်၌ မြိုတိုင်းရင်းသား ၁ဦး အသတ်ခံရမှု

 ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ၁၁၀၀ အချိန် မောင်တောမြို့နယ် စကားပင်ရင်းကျေးရွာအုပ်စု တရိန်း(မြို) ကျေးရွာနေ ဦးလောင်းကျော်၊ (၄၅)နှစ်နှင့် ရွာသား ၁၇ဦးတို့သည် အဆိုပါကျေးရွာ၏ အရှေ့ဘက်(၆)မိုင်ခန့်အကွာ အနီးရှိ ပုဇွန်ကန်အတွင်း ငါးရှာပြီးနောက် ၁၆၄၅ အချိန်တွင် ရွာသားများ ပြန်သွားခဲ့ပြီး ဦးလောင်းကျော် တစ်ဦးတည်းကျန်ရှိခဲ့ပါသည်။ ၎င်းနောက် ၁၉၃၀အချိန်တွင် ဦးလောင်းကျော်မှာ ကျေးရွာသို့ ပြန်လည်ရောက်ရှိခြင်းမရှိ၍ ၂၁၀၀ အချိန်တွင် တရိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်မှ တရိန်းကင်းစခန်း(မြို/ရခိုင်ကျေးရွာ)တို့သို့ ဖုန်းဖြင့် အကြောင်းကြား ခဲ့ပါသည်။

 ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ၀၈၀၀ အချိန် တရိန်း(မြို) ရဲတပ်ဖွဲ့ဝင်များနှင့် စကားပင်ရင်းကျေးရွာကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့သည် မြိုတိုင်းရင်းသား ၃၀ဦးတို့နှင့်အတူ ဦးလောင်းကျော်အား ၄င်းတို့ငါးရှာခဲ့သည့် ပုဇွန်ကန်အနီး တဝိုက်နှင့်ကျေးရွာအကြား အသွားအပြန် လမ်းတစ်လျောက်ရှာဖွေခဲ့ရာ ၀၉၀၀ အချိန်တွင် မျောချောင်း (မြောက်)ကျေးရွာ လူသွားလမ်းအနောက် ပေ(၁၀၀)ခန့်အကွာရှိ လယ်ကွင်း၌ ဦးလောင်းကျော်အား ယာလက်ဖျံ/ချိုင်း ပြတ်ရှဒဏ်ရာ ၂ချက်၊ ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာ ၂ချက်နှင့် ကျားအင်္ဂါအား အရေခွံခွာထားခံရကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ၁၄၀၅ အချိန်တွင် ဦးလောင်းကျော်အား သတ်ဖြတ်သွားသူ (ဖမ်းမမိ)အား ကြိမ်ချောင်းနယ်မြေရဲစခန်းမှ (ပ)၆၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref;ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment