Latest News

Thursday, December 28, 2017

မြဝတီမြို့နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ် ပြန်လည်ရောက်ရှိလာ

မြဝတီမြို့နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်
ပြန်လည်ရောက်ရှိလာ

 ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ၀၉၀၀ အချိန် မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃၂ ဦး(ကျား ၂၆၉၊မ ၆၃)၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ဒေသအခေါ် သွပ်ပြားပေါက် နယ်စပ်ဂိတ်မှ ၄၀ ဦး(ကျား ၂၄၊ မ ၁၆)၊ ပေါင်း ၃၇၂ ဦး(ကျား ၂၉၃၊မ ၇၉)တို့ ရောက်ရှိခဲ့ပါသည်။

 ပြန်လည်ဝင်ရောက်လာသူတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက် အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းများ၊ တရားခံ ပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူအတုများပါလာခြင်း မရှိစေရေး အုပ်ချုပ်ရေး အဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာနေရပ် အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
Ref ; ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment