ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်၏ ကြေညာချက်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်
ဝါရှင်တန် ဒီဇင်ဘာ ၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပြီး တဲလ်အဗစ်ရှိ အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ထရန့်၏ ယင်းဆုံးဖြတ်ချက်ကို နိုင်ငံတကာက ဝေဖန်ပြစ်တင်ခဲ့ကြပြီး က္ဘာတစ်ဝန်းတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ¤င်းအနေဖြင့် အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေး အလား အလာများကို ပျက်ပြားစေမည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမဆို ကန့်ကွက်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
ဂျေရုဆလင်မြို့ကို အဆင့်သတ်မှတ်ရေးသည် သက်ဆိုင်ရာ နိုင်ငံအဖွဲ့အစည်းနှစ်ခုက လုံခြုံရေးကောင်စီနှင့် အထွေထွေ ညီလာခံဆုံးဖြတ်ချက်များကို အခြေခံ၍ တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမှုဖြင့်သာ ဖြေရှင်းသွားသင့်သည့် အကြောင်းအရာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထရန့်၏ ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး မကြာမီမှာပင် သတင်းထောက်များသို့ ပြောကြားခဲ့ သည်။
ထရန့်၏ ကြေညာချက် ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်သည် ပါလက်စတိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ထရန့်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင် ဝေဖန်ခဲ့သည်။ ယင်းကြေညာချက်သည် အစ္စရေးနိုင်ငံအား တရားဝင်ဖြစ်စေလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဂျေရုဆလင်ကို အဆင့်သတ်မှတ်မှုသည် အထိအခိုက်မခံသော၊ ရှုပ်ထွေးသော ကိစ္စတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးက အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကြရန်လိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဂမ်ရှောင်က တိုက်တွန်းခဲ့သည်။ ဆင်ဟွာ
Friday, December 8, 2017
ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်၏ ကြေညာချက်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်
ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်၏ ကြေညာချက်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်
Reviewed by Ar Ti
on
12:49 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment