၂ဝ၁၈ ရုရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင် ဝင်ရောက်ယှဉ်ပြိုင်မည်
မော်စကို ဒီဇင်ဘာ ၇
လာမည့် ၂ဝ၁၈ ခုနှစ်တွင် ပြုလုပ်မည့် ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံသမ္မတ ပူတင်က မိမိအနေဖြင့် လာမည့်နှစ်တွင် ကျင်းပမည့် ရုရှားသမ္မတ ရွေးကောက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း နိုင်ငံအနောက်ပိုင်းရှိ ကားထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။ ထို့အတူ အားလုံး၏ ထောက်ခံအားပေးမှုကိုလည်း ကျေးဇူးတင်ရှိကြောင်း ¤င်းက ဆက်လက်ပြောကြားခဲ့သည်။
သမ္မတပူတင်သည် အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။ ¤င်းသည် ၂ဝဝဝ ပြည့်နှစ်တွင် ရုရှားနိုင်ငံ သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂ဝဝ၄ ခုနှစ်တွင် ¤င်းကို ရုရှားသမ္မတအဖြစ် ထပ်မံရွေးချယ်ခဲ့သည်။ ရုရှားနိုင်ငံ အခြေခံ ဥပဒေအရ မည်သူမျှ သမ္မတသက်တမ်းကို နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့်မရှိသောကြောင့် ၂ဝဝ၈ ခုနှစ် ရွေးကောက်ပွဲတွင် ¤င်းသည် ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၂ဝ၁၂ ခုနှစ်တွင် ရုရှားသမ္မတအဖြစ် ပြန်လည် ရွေးချယ်ခြင်းခံခဲ့ရပြန်သည်။ ¤င်းသည် ရုရှားသမ္မတအဖြစ် သုံးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနောက်ထပ်တစ်ကြိမ် ထပ်မံရွေးချယ်ခံရပါက စံချိန်တင် သမ္မတတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment