Latest News

Wednesday, December 6, 2017

မြောက်ကိုရီးယားက သတိပေးနေသည့်ကြားမှ အမေရိကန်နှင့်တောင်ကိုရီးယားစစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားက သတိပေးနေသည့်ကြားမှ
အမေရိကန်နှင့်တောင်ကိုရီးယားစစ်ရေးလေ့ကျင့်

ဆိုးလ် ဒီဇင်ဘာ ၆

အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားက သတိပေးနေသည့်ကြား မှ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်ခဲ့ ခြင်းကြောင့် ကိုရီးယားကျွန်းဆွယ်တင်းမာမှု အခြေအနေမှာ ပိုမိုကြီးထွားလာဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။
အမေရိကန်နှင့်တောင်ကိုရီးယားသည် ပြီး ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မြောက်ကို ရီးယားမှ နျူကလီးယားလက်နက်ဖြင့်တိုက် ခိုက်လာခဲ့ပါက တုံ့ပြန်ရမည့်စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားက အမေရိကန်နှင့်တောင်ကိုရီးယား၏ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ရန်လိုခြိမ်းခြောက်ရာ ရောက်နေသောကြောင့် ပူးတွဲစစ်ရေးလေ့ကျင့် မှုများ ထပ်မံမပြုလုပ်ရန် သတိပေးခဲ့သည်။ ထပ်မံပြုလုပ်ခဲ့သည့်ပူးတွဲစစ်ရေးလေ့ကျင့်မှု တွင် အမေရိကန်လေတပ်၏နောက်ဆုံးပေါ် တိုက်လေယာဉ်များပါဝင်ခဲ့သည့်အပြင် ကိုယ် ပျောက်လေယာဉ်များ၊ နျူကလီးယားဗုံးတင် ဆောင်နိုင်သည့်ဗုံးကြဲလေယာဉ်များလည်း ပါဝင်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယားဘက် မှ တုံ့ပြန်မှုတစ်စုံတစ်ရာ ပြုလုပ်ဖွယ်ရှိသည်။ တောင်ကိုရီးယားနှင့်အမေရိကန်တို့သည် မြောက်ကိုရီးယားဘက်မှ အမေရိကန်နိုင်ငံ အထိ ရောက်ရှိနိုင်သောတာဝေးပစ်ဒုံးကျည် စမ်းသပ်မှု ပြုလုပ်မည်ဆိုသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
NG(Ref;Reuters)
The Union Daily

No comments:

Post a Comment