Latest News

Wednesday, December 6, 2017

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဂွမြို့နယ်သို့ရောက်ရှိ ဒေသဖွံ့ဖြိုးရေးဆွေးနွေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဂွမြို့နယ်သို့ရောက်ရှိ ဒေသဖွံ့ဖြိုးရေးဆွေးနွေ


သံတွဲ၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် အဖွဲ့သည် ဒီဇင်ဘာ (၅) ရက်နေ့ နံနက် (၇) နာရီ မိနစ် (၂၀) တွင် ဂွမြို့၊ ကင်းရုံးရပ်ကွက်ရှိ နန္ဒရံသီကင်းရုံး ဘုန်းတော်ကြီးကျောင်းနှင့် ရွာမရပ်ကွက်ရှိညောင်ပိုင်းဘုန်းတော်ကြီး
ကျောင်းသို့ ရောက်ရှိပြီး ဆရာတော်ကြီးများကို ဖူးမျှော်ကြည်ညိုကာ ကျောင်းအကျိုးတော်ဆောင် ဂေါပကများနှင့် တွေ့ဆုံသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် (၈)  နာရီအချိန်တွင် ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာသို့ရောက်ရှိ၍ ပန်းမျိုးတစ်ရာကျေးရွာ စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသည့် တည်ဆောက်ရေးလုပ်ငန်း အချိန်မီပြီးစီးရေးဆွေးနွေးပြီးနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရားများမှ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲ (၁)  နာရီခွဲအချိန်တွင် ဂွမြို့အခြေခံ ပညာအခြေခံပညာအထက်တန်းကျောင်းနှင့် ရဟိုင်ကူးတို့ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပြီးနောက် ရဟိုင်ကူးတို့ကမ်းနားလမ်းအား သွားရောက်ကြည့်ရှုသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဟိုင်ကူးတို့ကွက်သစ် (အမက) နှင့် မြို့မရပ်ကွက်၊ အလယ်ရွာ (မူလွန်)  ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့် မြို့မရပ်ကွက်ရှိ အားကစားပွဲကြည့်စင်ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ပေါက်တူးကွင်း-ဆားချက်ကွင်း တံတားဆောက်လုပ်မည့် အခြေအနေအား ကြည့်ရှုခဲ့သည်။

Sources; U Nyi Pu

No comments:

Post a Comment