Latest News

Monday, December 18, 2017

တော်ဝင်နှစ်သစ် နှင်းဆီအငြိမ့် တော်ဝင် ဂါးဒင်းဟိုတယ်၌ ကျင်းပမည်

တော်ဝင်နှစ်သစ် နှင်းဆီအငြိမ့် တော်ဝင် ဂါးဒင်းဟိုတယ်၌ ကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၁၇

 တော်ဝင်နှစ်သစ်နှင်းဆီ အငြိမ့်ကို ဒီဇင်ဘာ ၃ဝ ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည့် စာနယ်ဇင်းမိတ်ဆက်ပွဲမှ သိရသည်။

ယင်းအငြိမ့်တွင် မင်းသမီးများအဖြစ် သရုပ်ဆောင် မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ မေကဗျာနှင့် မိုးယုစံတို့က ကပြဖျော်ဖြေမည်ဖြစ်ပြီး လူရွှင်တော်များအဖြစ်  နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းနှင့် ရဲလေးတို့ ပါဝင်မည်ဖြစ်ေ ကြာင်း သိရသည်။ ''ပရိသတ်တွေက နှင်းဆီအငြိမ့်ကိုမက သေးဘူးလားဆိုပြီးတောင်းဆိုတာကြောင့်  ဒီပွဲလေး လုပ်ဖြစ်တာပါ။

 လုပ်မယ့်နေ့ကလည်း ဒီဇင်ဘာ ၃ဝ ရက် နှစ်သစ်ကူးအကြို နေ့ဆိုတော့ အငြိမ့်နာမည်ကို တော်ဝင်နှစ်သစ် နှင်းဆီလို့ ပေးဖြစ်တာပါ။ ဒီအငြိမ့်ပွဲမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ထောက်ပြနိုင်မယ့် ပြက်လုံးတွေပဲ အဓိ ကဖော်ပြမှာပါ'' ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကပြောသည်။

လက်မှတ်ဈေးနှုန်းများ အနေဖြင့် ငွေကျပ် သုံးသောင်း၊ ငါးေ သာင်း၊ တစ်သိန်းနှင့် သုံးသိန်းသတ်မှတ်ထားပြီး မန်းသီရိတေး သံသွင်း၊ တော်ဝင် စင်တာနှင့် တော်ဝင်ဂါးဒင်း ဟိုတယ်တို့၌ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။မြဝတီ

No comments:

Post a Comment