Latest News

Monday, December 18, 2017

ကချင်ပြည်နယ်၏ အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် လာမည့်နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်

ကချင်ပြည်နယ်၏ အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်
လာမည့်နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်


  မြစ်ကြီးနား  ဒီဇင်ဘာ  ၁၇
မြစ်ကြီးနားမြို့  ပလန(၂) ကံ့ကော်မြိုင်ကျေးရွာ၌ ရှိသော  ဧက ၂ဝ ကျယ်ဝန်းသည့်  မဇ္ဈိမ မနောသုခ သာသနာပြုကျောင်းအတွင်းတွင် တည်ဆောက် နေသော ကချင်ပြည်နယ်၏  အကြီးဆုံးထိုင်တော်မူ မဇ္ဈိမလာဘ  ဗောဓိဗုဒ္ဓရုပ်ပွားတော်ကို  ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင်  အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
''ဘုရားကြီးရဲ့ အောက်ခြေက ဝင်ရင် ပထမ ထပ်နဲ့  ဒုတိယထပ်မှာ ဗုဒ္ဓဂယာက ရှေးဟောင်း ရုပ်ပွားတော်တွေ ပန်းချီကားတွေထားပြီး ပြတိုက် လုပ်မယ်။ အခု ဘုရားကတော့ ၇၅ ရာခိုင်နှုန်းတော့ ပြီးပြီ၊  နောက်နှစ်  နှစ်ကုန်ပိုင်းလောက်ဆိုရင်တော့ အကုန်ပြီးမယ်လို့ ခန့်မှန်းထားပါတယ်'' ဟု အဆိုပါ ဘုရားကို တည်ဆောက်နေသော  အင်ဂျင်နီယာ ဦးစောနိုင်က ပြောသည်။
အဆိုပါ  ဘုရားကို  ၂ဝ၁၆  ခုနှစ်မှ  စတင် တည်ဆောက်လျက်ရှိပြီး  ဘုရား၏  ပလ္လင်တော် အမြင့်မှာ ၁၅ ပေ၊ ဘုရား၏ ဉာဏ်တော်အမြင့်  ၉၃ ပေ စုစုပေါင်းအမြင့်  ၁ဝ၈ ပေ တည်ဆောက်နေကာ ကချင်ပြည်နယ်အတွင်းတွင် အကြီးဆုံး ထိုင်တော်မူ ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားကို ရန်ကုန်မြို့ရှိ ဦးမျိုးဆွေ- သီရိသုဓမ္မသိင်္ဂီ မဇ္ဈိမသံဃမာတာ ဒေါ်မြရှင် (ပုလဲ ရတနာ ရောင်းဝယ်ရေး) မိသားစုမှ ငွေကျပ် သိန်း ၅ဝဝဝ မတည်လှူဒါန်းထားပြီး ယခုအထိ ခန့်မှန်း ကုန်ကျငွေ သိန်း ၄ဝဝဝ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
မဇ္ဈိမလာဘ       ဗောဓိဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ထားသည့် ဘုရားဝင်းအတွင်းတွင် ဘိုးဘွားရိပ်သာ၊ တရားစခန်းများလည်း တည်ဆောက် ဆဲဖြစ်ကြောင်း သိရသည်။                   မင်းမင်းဦး

No comments:

Post a Comment