Latest News

Monday, December 18, 2017

တောကျီးကန်း ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းမိတ်ဆက်

တောကျီးကန်း ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းမိတ်ဆက်

သူငယ်ချင်းနှစ်ဦး၏ သံယောဇဉ်နှင့် ၁၅ဝဝ အချစ်၏ လွှမ်းမိုးမှုတို့အကြောင်းကို ပုံဖော်ရိုက်ကူးထားသော တောကျီးကန်း ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင် ရုံ၌ ကျင်းပသည်။

စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ဇာတ်ကားရိုက်ကူးသည့် ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) နှင့် ပါဝင်သရုပ်ဆောင် ထားကြသော မိုးဟေကို၊ ခင်လှိုင်၊ ထူးခြားနှင့် ညီဂျော်တို့ တက်ရောက်ခဲ့ကြသည်။ ဇာတ်အိမ်ပုံစံမှာ ငယ်စဉ်ကတည်းက ဒုစရိုက်လောကတွင် ကြီးပြင်းလာသော သူငယ်ချင်းနှစ်ဦး အရွယ်ရောက်ချိန်တွင် သူငယ်ချင်း တစ်ဦးမှာ မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ကာ အိမ်ထောင် ပြုလိုက်ခြင်းကြောင့် မကောင်းမှုအလုပ်များကို မလုပ်တော့ဘဲ သာမန်ေ ကာင်းရောင်းကောင်းဝယ် လုပ်စားသူ တစ်ဦးအနေဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ခဲ့သော်လည်း နောက်တစ်ဦးမှာ ဒုစရိုက်လောကကို မစွန့်ခွာနိုင်ဘဲ ယင်းလောက၌ ဆက်လက် စီးမျောရင်း ဒုက္ခရောက်ချိန်တွင် ငွေကြေး တစ်ခု တည်းကြည့်ပြီး ပြုပြင်ပြောင်းလဲသော သူငယ်ချင်းအပေါ် သစ္စာ ဖောက်ခဲ့ရာမှ သူငယ်ချင်းကောင်း၏ အသက်ဆုံးရှုံးခဲ့ရပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။

အထူးပွဲပြသပြီးချိန်တွင် ပွဲသို့တက် ရောက်လာသော သရုပ်ဆောင်များက ရုပ်ရှင် ကားနှင့်ပတ်သက်၍ စာနယ်ဇင်း သမားများ၏ သိလိုသောအကြောင်း အရာများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။မြဝတီ

No comments:

Post a Comment