Latest News

Thursday, December 21, 2017

ဂျွန်ဟွန်းရဲ့ ဈာပနကို ချစ်သူဟောင်း ရှင်ဆယ်ကွန်း တက်ရောက်

ဂျွန်ဟွန်းရဲ့ ဈာပနကို ချစ်သူဟောင်း ရှင်ဆယ်ကွန်း တက်ရောက်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ ကွယ်လွန်သွား ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသားတေးဂီတ အဖွဲ့ ''SHINee''ရဲ့  အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျွန်ဟွန်းရဲ့ ဈာပနအခမ်းအနားကို ဆိုးလ် အာရှဆေးပညာစင်တာမှာ  ပြုလုပ်ခဲ့ရာမှာ တော့ ကေပေါ့ပ်ကြယ်ပွင့်တွေနဲ့ ပရိသတ်တွေ လာရောက်နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဂျွန်ဟွန်းကို နောက်ဆုံးအကြိမ် လာရောက် တွေ့ဆုံသူတွေထဲမှာ သူ့ရဲ့ချစ်သူဟောင်းဖြစ်တဲ့ မင်းသမီး ရှင်ဆယ်ကွန်းလည်း ပါဝင်နေတာကို တွေ့ရကြောင်း     အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ဂျွန်ဟွန်းရဲ့     ဈာပနအခမ်းအနား အတွက်   သူ့ရဲ့အဖွဲ့သားတွေက   အဓိက ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ  ၁၉  ရက်မှာတော့  ဂျွန်ဟွန်းကို ချစ်ခင်ကြသူတွေနဲ့ ပရိသတ်တွေ နောက်ဆုံး တွေ့ဆုံနှုတ်ဆက်နိုင်စေဖို့အတွက်    သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ အက်စ်အမ်အန်တာတိန်း မန့်က ဈာပနအခမ်းအနားကို စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက် နဲ့ ၂ဝ ရက်တွေမှာ လူအများကို လာရောက်နှုတ်ဆက်ခွင့်ပြုသွား မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့   ဒီဇင်ဘာ ၁၉  ရက်မှာတော့ ဂျွန်ဟွန်းရဲ့ ပရိသတ်ထောင်နဲ့ချီကာ လာရောက် နှုတ်ဆက်ကြပြီး  ဒေသတွင်း  ပရိသတ်တွေ သာမက နိုင်ငံတကာက   ပရိသတ်တွေပါ လာရောက်နှုတ်ဆက်ကြတာ  ဖြစ်ပါတယ်။ နာမည်ကျော်ကြယ်ပွင့်တွေလည်း လာရောက် ကြပြီး  အဲဒီအထဲမှာ  ရှင်ဆယ်ကွန်းလည်း ပါဝင်နေကာ  သူ့ကိုတော့  အလွန်ဝမ်းနည်း နေတဲ့ဟန်နဲ့ တွေ့ခဲ့ရတာဖြစ်ပါတယ်။

ရှင်ဆယ်ကွန်းနဲ့ ဂျွန်ဟွန်းတို့ဟာ ပြီးခဲ့ တဲ့ ၂ဝ၁ဝ ခုနှစ်အတွင်း ချစ်သူတွေအဖြစ် လက်တွဲနေပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော် ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် လအတော်ကြာ လက်တွဲခဲ့ပြီးနောက် လမ်းခွဲ လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်

No comments:

Post a Comment