Latest News

Thursday, December 21, 2017

အတိုက်ခံရသည့် အမျိုးသမီးကိုအခြားယာဉ်တစ်စီးကထပ်မံကြိတ်မိ

အတိုက်ခံရသည့် အမျိုးသမီးကိုအခြားယာဉ်တစ်စီးကထပ်မံကြိတ်မိ

ရန်ကုန်    ဒီဇင်ဘာ    ၂ဝ

ယာဉ်တိုက်ခံရသည့် အမျိုးသမီးကို အခြားယာဉ်တစ်စီးမှ ထပ်မံ ကြိတ်မိပြီး မောင်းနှင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်၌ ယနေ့နံနက် အစောပိုင်းက  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့  နံနက် ၅ နာရီ မိနစ် ၄ဝ ခန့်က မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမရှိ  (၁၂) လမ်း မှတ်တိုင်အနီး ၌ လမ်းဖြတ်ကူးသည့်  အမျိုးသမီး(၄ဝ)နှစ်ခန့်အား ယာဉ် (စုံစမ်းဆဲ)တစ်စီးက  တိုက်၍  ထွက်ပြေးမောင်းနှင်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ  ယာဉ်တိုက်ခံရသူအမျိုးသမီးမှာ လမ်းပေါ်လဲကျနေ စဉ်  နောက်မှမောင်းနှင်လာသော  အခြားယာဉ်(စုံစမ်းဆဲ)တစ်စီးက  ယာဉ်တိုက်ခံရသော  အမျိုးသမီးအား ထပ်မံကြိတ်မိ၍ ချိတ်ပါခဲ့ရာ  အမှတ်(၃)လမ်းမ    ညောင်ပင်မှတ်တိုင်အနီးထိ   ချိတ်ပါခဲ့ပြီး     အခင်းဖြစ်နေရာတွင်     သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာအနီးရှိ   တာဝန်သိပြည်သူများက  ပုလဲ မြို့သစ်အရန်မီးသတ်တပ်ဖွဲ့သို့ ဖုန်းဆက်အကူအညီတောင်းခံခဲ့သဖြင့်  ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့က    သွားရောက်ကူညီခဲ့ ပြီး သေဆုံးသူအမျိုးသမီးအလောင်းအား သက်ဆိုင်ရာသို့ အပ်နှံ ကူညီခဲ့ကြောင်း၊   သေဆုံးသူအမျိုးသမီး နှင့်အတူ ပါရှိလာသော တန်ဖိုးရှိပစ္စည်းများဖြစ်သည့် နားကပ် တစ်ရန်၊ ငွေစုစာအုပ်၊ ဖုန်းတစ်လုံးနှင့်  ငွေကျပ် ၂ဝဝဝဝ တို့အား  ဆေးရုံမှုခင်းရဲထံသို့  အပ်နှံဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ပွင့်သစ္စာ

No comments:

Post a Comment