၂၁.၁၂.၂၀၁၇၊ စစ်တွေ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုတို့သည် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ပြန်လည်လက်ခံရေးစခန်းများနှင့် ကျေးရွာများ စနစ်တကျ တည်ဆောက်နေမှုတို့ကို ကြည့်ရှုရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် မောင်တောဒေသရှိ တောင်ပြိုလက်ဝဲလက်ခံရေး စခန်းသို့ရောက်ရှိကြကာလက်ခံရေးစခန်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် လိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မြိုတိုင်းရင်းသားများနေထိုင်ရန် ပြန်လည်နေရာချထားပေးမည့် သစ်တုံးနားဂွဆုံ ကျေးရွာနှင့် ဟိန္ဒူဘာသာဝင်များကို ပြန်လည်နေရာချထားမည့် အိုးထိန်းကျေးရွာတို့တွင် အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုခြေအနေနှင့် ဒေသခံမြိုတိုင်းရင်းသားများ၏ လိုအပ် ချက်များကိုတွေ့ဆုံမေးမြန်းကာ နေအိမ်များကို အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသူများ ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာပါက လက်ခံနိုင်ရေး အတွက် စခန်းတည်ဆောက်မည့် ငါးခူရကျေးရွာတွင် လူနေအဆောက်အဦများ တည်ဆောက်နေမှု၊ ဌာနဆိုင်ရာဝန်ထမ်းများနေထိုင်ရန်အတွက် အဆာက်အဦများ ဆောက်လုပ်နေမှုနှင့် လုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိနေမှုအခြေအနေများကို ကြည့်ရှုပြီး ၄င်းမှတဆင့် ယာယီနေထိုင်ရန် ကြားစခန်းတည်ဆောက်မည့် လှဖိုးခေါင်ကျေးရွာရှိ သတ်မှတ်မြေ နေရာတို့ကို ကြည့်ရှုခဲ့ကြပါသည်။
အဆိုပါခရီးစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင်၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ ရဲမှူးချုပ်မြဝင်း၊ UNHCR မှ လက်ထောက်ဌာနေကိုယ်စားလှယ် မစ္စ် စီစီဖရာဒို နှင့် တာဝန်ရှိသူများလိုက်ပါ ခဲ့ကြပါသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံသဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တိမ်းရှောင်သွားသူများကို စိစစ်၍ ပြန်လည်လက်ခံရေး၊ နေရာချထားရေး လုပ်ငန်းစဉ် များကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်
Ref; Prof Win Myat Aye
No comments:
Post a Comment