Latest News

Friday, December 29, 2017

ငြိမ်းချမ်းရေးကို မလိုလားတဲ့သူတွေရဲ့ အဓိက ပြဿနာက ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို မသိသေးလို့ပဲ

ငြိမ်းချမ်းရေးကို မလိုလားတဲ့သူတွေရဲ့ အဓိက ပြဿနာက ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို မသိသေးလို့ပဲ

ယနေ့နံနက်ပိုင်းက   ကယားပြည်နယ်    လွိုင်ကော်မြို့၌  ကျင်းပသည့်   ငြိမ်းချမ်းရေးစကားဝိုင်းတွင်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Online  မှမေးမြန်းလာသည့်    ''ငြိမ်းချမ်းရေးရပြီးတဲ့ ဒေသတွေတိုးတက်အောင် ဘယ်လိုစီစဉ် ဆောင်ရွက်မည်ကို သိလိုကြောင်း''မေးခွန်း၊  ''ပြည်တွင်းစစ်   တာရှည်နေတာဟာ   မြန်မာပြည်တွင် ငြိမ်းချမ်းရေးကို မလိုလား တဲ့သူတွေ  ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလို   ငြိမ်းချမ်းရေးကို  မလိုလားတဲ့   အဖွဲ့အစည်းတွေ၊  လူတွေကို   ဘယ်လိုနည်းနဲ့ စည်းရုံးမှ အဆင်ပြေမယ်လို့ယူဆပါသလဲ''မေးခွန်း၊    ''ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်    လူငယ်အလုပ်အကိုင်တိုးတက်ရေး၊    အသိÓဏ်မြင့်မားရေးတို့အတွက် ဘယ်လိုစီစဉ်  လုပ်ဆောင်ပေးသွားမည်ကို   သိလိုကြောင်း''  မေးခွန်းတို့နှင့်  စပ်လျဉ်းပြီး ဖြေကြား ခဲ့သည်။

အစိုးရရဲ့တာဝန်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ''တိုးတက်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်၊ ပညာရေးဘက်၊ ကျန်းမာရေးဘက်၊ စီးပွား ရေးဘက်၊ ပညာရေးနဲ့ ကျန်းမာရေးဘက်ကတော့ အစိုးရရဲ့ အဓိကတာဝန်ဖြစ်ပါတယ်၊    နောက်လမ်းပန်းဆက်သွယ်ရေး ဆိုတာလည်း အစိုးရရဲ့တာဝန်  ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေကို အလေးထားပြီး လုပ်နေ
''စီးပွားရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင်ဖြစ်ပါတယ်၊ ဒီနှစ်ခုကို လုပ်တဲ့ အခါမှာ အစိုးရရဲ့ အခန်းကဏ္ဍကလည်း တော်တော်ကြီးပါတယ်၊ ဒါပေမယ့် စီးပွားရေး ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ဖို့ဆိုတာ ပုဂ္ဂလိကပိုင်းတွေ ဝင်လာမှဖြစ်မှာပါ၊ အစိုးရစီးပွားရေးလုပ်ငန်း တွေဆိုတာ သိပ်ပြီးတော့ အောင်မြင်ခြင်းမရှိပါဘူး၊ ဒီနေ့ခေတ်  နဲ့လည်း မလျော်ညီပါဘူး၊ ဒီတော့ ဒီဒေသဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုများ စီစဉ်ဆောင်ရွက်မလဲဆိုတာ သိချင်ပါတယ်ဆို တော့ အခုစပြီးဆောင်ရွက်တာ ကျန်းမာရေးနဲ့ ပညာရေးဘက်မှာ တော့ တတ်နိုင်သလောက်လုပ်မယ်၊ နောက်ပြီးတော့ ငြိမ်းချမ်း ရေးမရသေးတဲ့ ဒေသတွေမှာ အထူးသဖြင့် ကယားဘက်မှာ လည်း စွမ်းအင်တွေကလည်း ဒီနှစ်ပိုင်းအတွင်းမှာ တော်တော် ပိုများသွားပါပြီ၊ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးပေါ့၊ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားပြီ၊ လျှပ်စစ်မီးရပြီဆိုရင် စီးပွားရေးက နောက်ကနေပြီး လိုက်လာတတ်ပါတယ်၊ အကြမ်း ဖျင်းပြောရမယ်ဆိုရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စ၊ နောက်စီးပွားရေးနဲ့ ပတ်သက်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုတွေကို အလေးထားပြီး လုပ်နေပါတယ်''ဟု ဆွေးနွေးဖြေကြားသည်။

 ငြိမ်းချမ်းရေးရရင် ပိုကောင်းမယ်
ငြိမ်းချမ်းရေးကိုမလိုလားတဲ့ အဖွဲ့အစည်းတွေ၊ လူတွေကို ဘယ်လိုနည်းနဲ့စည်းရုံးမှ   အဆင်ပြေမယ်လို့   ယူဆပါသလဲ မေးခွန်းအား  ဖြေကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က '' ပြည်သူတွေပဲ စည်းရုံးကြပါ၊ ဒါပြည်သူတွေနဲ့ အဓိကဆိုင်တဲ့ ကိစ္စဖြစ်တယ်၊ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူတွေရဲ့ အဓိက ပြဿနာက ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို မသိသေးလို့ပဲ၊ ငြိမ်းချမ်း ရေးရရင် မိမိတို့အပါအဝင် အားလုံးအတွက် ဘယ်လိုအကျိုး အမြတ်တွေ   ရှိနိုင်သလဲဆိုတာကို  သဘောမပေါက်သေးလို့၊ အခုအခြေအနေနဲ့စာရင်     ငြိမ်းချမ်းရေးရရင်    ပိုကောင်းမယ် ဆိုတာကို   နှလုံးမသွင်းနိုင်သေးလို့ ငြိမ်းချမ်းရေးကို  မလိုလား တာပေါ့။

အားလုံးအတွက်  အကျိုးအမြတ်ရှိနိုင်
''တကယ်ပဲ ငြိမ်းချမ်းရေးရရင် ပိုပြီးတော့ အကျိုးအမြတ်၊ အသီးအပွင့်တွေဟာ တခြားသူတွေအတွက်တင် မဟုတ်ဘူး၊ မိမိတို့အတွက်ပါ  များလာမယ်ဆိုတာကို  သဘောပေါက်သွား ရင်တော့ ငြိမ်းချမ်းရေး လိုလားမှာပါပဲ၊ ဒါကြောင့် အားလုံး အတွက် အကျိုးအမြတ်ရှိနိုင်တယ်ဆိုတဲ့ဟာကို ထင်ရှားအောင် လို့ ပြည်သူတွေကလည်း ဝိုင်းပြီးတော့လုပ်ပေးရမယ်၊ ကိုယ်တိုင် ကလည်း ဖြစ်အောင်လုပ်ရမယ်။
အတူတူတွဲခေါ်ဖို့ အရေးကြီး
''ငြိမ်းချမ်းရေးရပြီးတဲ့နေရာတွေမှာ အထူးအရေးကြီးတယ်၊ ငြိမ်းချမ်းရေးရပြီးတဲ့နေရာမှာ   ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲဖို့၊   ငြိမ်းချမ်းရေးကို သိပ်ပြီး  မလိုလားသူတွေဟာလည်း ကျွန်မတို့ ပြည်သူတွေရဲ့ တစ်စိတ်တစ်ပိုင်းပါ၊ အဲဒီတော့ ကိုယ့်အချင်းချင်း ကိုယ်ပြန်ပြီးတော့ အားလုံးကနေစည်းရုံးပြီး အတူတူတွဲခေါ်ဖို့ အရေးကြီးပါတယ်''ဟု ဖြေကြားသည်။

 ကယားပြည်နယ်ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး ဖြေကြားရာ တွင် '' အလုပ်အကိုင်တိုးတက်ရေးအတွက် ပညာလိုတယ်၊ လမ်းပန်းဆက်သွယ်ရေးလိုပါတယ်၊ ဒီမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အလုပ်သမားတွေလိုမယ်၊ အလုပ်သမားတွေက အတိုင်းအတာ တစ်ခုအထိတော့ လုပ်တတ်ရမယ်၊ ဒါမှ ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေက လမ်းကောင်းတယ်၊ လျှပ်စစ်မီးရတယ်ဆိုရင် ရင်းနှီးဖို့ စဉ်းစားမယ်။
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
''အဲဒီမှာ   အလုပ်လုပ်ဖို့  လူတွေလိုမယ်။ အလုပ်လုပ်ဖို့ အရည်အချင်းရှိတဲ့သူတွေ လိုမယ်၊  အားလုံးက  တစ်ခုနဲ့တစ်ခု ဆက်သွယ်နေပါတယ်၊    ပညာတတ်ပြီးတော့  ကျန်းမာရေး မကောင်းရင်လည်း အလကားပဲ၊ ကျန်းမာရေးလည်း ကောင်းဖို့ လိုတယ်၊ ဒါကြောင့်မို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အဲဒါကို ပြောတာပါ၊ ကိုယ်နေတဲ့နေရာက   ဘယ်မှာလဲ၊   ဆက်သွယ်လို့ မရဘူး၊ လျှပ်စစ်မီးလည်း မရှိဘူးဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခု ဖော်ဆောင်ဖို့ဟာ အင်မတန်မှ ခက်ပါတယ်၊ ဘက်စုံအားလုံး လုပ်ဆောင်သွားရမှာ    ဖြစ်ပါတယ်''ဟု    ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။             မြန်​မာ့အလင်း

No comments:

Post a Comment