Latest News

Friday, December 22, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့တက်ရောက်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၂

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့ ညနေ ၆နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နေအိမ်၌ ကျင်းပသည့် ခရစ္စမတ် ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ရေး ရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရစ်ယာန်အသင်းတော်များမှ သင်းအုပ်ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

အခမ်းအနားကို Bishop Dr. Zothan Mawia က ခရစ္စမတ်ဆုမွန်ကောင်း တောင်း၍ ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ခရစ္စမတ်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြား၍ Sang Pi က ခရစ္စမတ်ဓမ္မတေး သီဆိုချီးမွမ်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခရစ္စမတ်နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့် ခရစ္စမတ်နှုတ်ခွန်းဆက်သ၀ဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေက ဖတ်ကြားသည်။

အခမ်းအနားတွင် Jesse Van Bawi နှင့် Jennifer Ngun Sui Par တို့က ခရစ္စမတ်ဓမ္မတေးသီချင်းများကို သီဆိုကြပြီး သိက္ခာတော်ရဆရာ Dr. Aye Min နှင့် သိက္ခာတော်ရဆရာ Mahn Palmerston တို့က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံ့အကြီးအကဲများအတွက် ဆုတောင်း မေတ္တာပို့သ၍ ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ထို့နောက် သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦး က ခရစ္စမတ်ဒေသနာ တော်ကို ဟောကြားပြီး သိက္ခာတော်ရဆရာ Dr. Samuel Ngun Ling က သမ္မာကျမ်းစာကို ဖတ်ကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူ များသည် ခရစ်တော်မွေးနေ့ မိတ်သဟာယညစာကို အတူတကွသုံးဆောင်ကြ သည်။
ညစာသုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက ခရစ္စမတ် တေးသီချင်းများ ကို သီဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့က ခရစ္စမတ်အထိမ်းအမှတ်ဖယောင်းတိုင်ကို ထွန်းညှိပေးကြ သည်။
ယင်းနောက် သိက္ခာတော်ရဆရာ Dr. J. Ral Buai က ခရစ္စမတ် ဆုမွန်ကောင်း တောင်းပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

Ref;Myanmar President Office

No comments:

Post a Comment