Latest News

Friday, December 22, 2017

ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်၌ ရှားပါးကြယ်လိပ်အကောင်ရေ ၆၅၀ ခန့်ထိန်းသိမ်းစောင့်ရှောက်ထား

ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်၌ ရှားပါးကြယ်လိပ်အကောင်ရေ ၆၅၀ ခန့်ထိန်းသိမ်းစောင့်ရှောက်ထား

မင်းဘူး ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော် တောရိုင်းတိရစ္ဆာ န်ဘေးမဲ့ တောဥယျာဉ်၌ မြန်မာမျိုးရင်း ရှားပါး ကြယ်လိပ်အကောင်ရေ ၆၅၀ ခန့်ကို ထိန်း သိမ်းစောင့်ရှောက်မွေးမြူထားကြောင်း မကွေး တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး  ဦးမြင့်သိန်းခိုင်ထံမှ သိရသည်။

ဘေးမဲ့တောအတွင်း သဘာဝအတိုင်း သွားလာနေထိုင်ကြသော်လည်း နည်းမျိုး စုံဖြင့် မျိုးသုဉ်းပျောက်ကွယ်နိုင်သဖြင့် ၁၉၉၆ ခုနှစ်မှစ၍ ကြယ်လိပ်အထီး ခြောက်ကောင်နှင့် အမခြောက်ကောင်တို့ကို စတင်မွေးမြူ ထိန်းသိမ်းလာခဲ့ရာ ယခုအခါ အကောင်ရေ ၆၅၀ ခန့်အထိ တိုးပွားနေပြီဖြစ်သည်။

အဆိုပါ ရှားပါးကြယ်လိပ်များ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် နိုင်ငံတော်အစိုးရမှ ဘတ်ဂျက်ချပေးထားပြီး ကျန်းမာရေးစောင့်
ရှောက်မှုနှင့် သားဖောက်ရာတွင်လည်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့တို့မှ တိရစ္ဆာန်ဆရာဝန်များက တာဝန်ယူစောင့်ရှောက်ပေး လျက်ရှိသည်။

"ဒီကြယ်လိပ်တွေက မြန်မာမျိုးရင်းစစ်စစ် တွေပါ။ ပြည်ပနိုင်ငံတွေ မှာလည်း ဒါမျိုး မရှိဘူး။ မြန်မာမျိုးရင်းစစ်စစ်တွေ မျိုးသုဉ်း
နိုင်တဲ့အနေအထားရှိနေလို့ သားဖောက်ထိန်း သိမ်းထားရတာပါ" ဟု ဦးမြင့်သိန်းခိုင်က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက် သွေ့သည့်တောများသည် မြန်မာမျိုးရင်း ကြယ်လိပ်တို့၏နေရင်းဒေသဖြစ် ပြီး မျိုးမသုဉ်း စေရန် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်၊ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် နှင့် ပုဂံရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ်
တို့၌ မွေးမြူထိန်းသိမ်းထားကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောသည် အကျယ်စတုရန်းမိုင် တစ်သိန်း ကျော်ရှိပြီး နို့တိုက်သတ္တ၀ါ ၁၄ မျိုး၊ တွား သွားသတ္တ၀ါ ၄၃ မျိုး၊ ငှက် ၁၁၃ မျိုး၊ လိပ်ပြာမျိုးစေ့ ၃၉ မျိုး၊ အပင် ၈၉ မျိုးနှင့်ဆေးဖက်ဝင်အပင် ၂၆ မျိုးတို့ကို ထိန်းသိမ်းထားကြောင်း သိရသည်။MWD

No comments:

Post a Comment