Latest News

Monday, December 11, 2017

ထိုင်းနယ်စပ်အနီး ပစ်ခတ်မှုဖြစ်ပွားရာ ငါးဦးသေဆုံး၊ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကိုးသိန်း ဖမ်းဆီးမိရ

ထိုင်းနယ်စပ်အနီး ပစ်ခတ်မှုဖြစ်ပွားရာ ငါးဦးသေဆုံး၊ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကိုးသိန်း ဖမ်းဆီးမိရ

ချင်းရိုင်း ဒီဇင်ဘာ ၁၁

 ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းမြို့နယ်၊ မယ့်ဖါးလွမ်၊ ကျလောကျေးရွာအနီး၌ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ထိုင်းနယ်ခြားစောင့် စစ်တပ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သည့် လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားကာ ငါးဦးသေဆုံးပြီး ဆေးပြား တစ်သန်းကိုးသိန်းပြား ဖမ်းဆီးရမိကြောင်း သိရသည်။

 နှစ်ကုန်ပိုင်း၊ ခရစ္စမတ်ကာလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ စိတ်ကြွဆေးများ အလုံးအရင်းနှင့် သယ်ဆောင်လာမည့် သတင်းကို ထိုင်းစစ်တပ်က ကြိုတင်သတင်းရထားကြောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့နယ်၊ မယ့်ဖါးလွမ်၊ ကျလောကျေးရွာအနီးမှာ ထိုင်းနယ်ခြားစောင့် တပ်ရင်းအမှတ်(၂)၊ တပ်ရင်း(၃၂)အထူးတပ်ဖွဲ့ဝင်များဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ထိ နေ့ညမပြတ်သုံးရက်ကြာ စောင့်ကြည့်ခဲ့ကြောင်း၊ ညပိုင်းတွင် အမှောင်ထုအတွင်း လှုပ်ရှားမှုများအား ညကြည့်ကင်မရာများ တပ်ဆင်ကာ စောင့်ကြည့်နေခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီခွဲတွင် အင်အား ၂၀ ဦးကျော်ရှိ လက်နက်ကိုင်အုပ်စုများသည် ထိုင်းနယ်စပ်အတွင်းကို ကျလောကျေးရွာ၌ ထိုင်းစစ်တပ်က  ရပ်တန့်ခိုင်းခဲ့ရာမှ  မူးယစ်သယ်ဆောင်သူများနှင့် ထိုင်းစစ်တပ်တို့ ၁၅ မိနစ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်။

 ထိုင်းနိုင်ငံတာဝန်ရှိသူများက ပစ်ခတ်မှုဖြစ်ပွားခဲ့သော  ကျလောကျေးရွာအနီးသို့ သွားရောက်စစ်ဆေးခဲ့ရာ လက်နက်ကိုင်အင်အားစုများသည် ထွက်ပြေးသွားခဲ့ကြောင်း၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ အလောင်းငါးလောင်းအပြင် အထုတ် ၁၉  ထုတ်အတွင်းမှစိတ်ကြွရူးသွပ်ပြား တသန်းကိုးသိန်းကို တွေရှိခဲ့ကြောင်း ထိုင်းသတင်း တစ်ရပ်မှ သိရသည်။

မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment