Latest News

Monday, December 11, 2017

လိုက်ထရပ်ကားရှေ့ဘီးပေါက်ကာမလေးရှားပိတောက်ပင်ဝင်တိုက်ရာမှယာဉ်မောင်းသေဆုံး

လိုက်ထရပ်ကားရှေ့ဘီးပေါက်ကာမလေးရှားပိတောက်ပင်ဝင်တိုက်ရာမှယာဉ်မောင်းသေဆုံး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-မုံရွာကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၆ /၁နှင့် ၂၆/၂ မိုင်တိုင်ကြား ရွာသစ်ကုန်းကျေးရွာအနီးတွင် ဟင်္သာတမှမောင်းနှင်လာသော လိုက်ထရပ်ကား ရှေ့ဘယ်ဘက်ဘီးပေါက်ကာ အရှိမ်အထိမ်းနိုင်ပဲ လမ်းဘေးရှိမလေးရှားပင်ကိုဝင်တိုက်မိခဲ့ရာယာဉ်မော်းတစ်ဦးသေဆုံးခဲ့သည်။

အဆိုပါလိုက်ထရပ်ကားအဖြူရောင်မှာ ဟင်္သာတမြို့မှ ခရီးသည် ၁၃ဦးကိုတင်ဆောင်၍ ချောင်းသာသို့အပြင်းဖြေခရီးထွက်လာခဲ့ရာ ကျောင်းကုန်းမြို့နယ် ဂုန်မင်းကျေးရွာအုပ်စု ရွာသစ်ကုန်ကျေးရွာအနီးတွင် ရှေ့ဘီပေါက်ကာ မလေးရှားပင်ကိုဝင်တိုက်မိသဖြင့် တင်ဆောင်လာသောခရီးသည် ၁၃ဦးမှာထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိကာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း ကျောင်းကုန်းမြို့မရဲစခန်းမှသတင်းရရှိသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ကုန်းကျောင်းမြို့ မြို့မရဲစခန်းမှတာဝန်ရှိသူများရောက်ရှိ စစ်ဆေးခဲ့ရာ ယာဉ်မောင်းနေစဉ်ယာဉ်မောင်းအား အရက်သေစာသောက်စားထားခြင်းရှိမရှိစစ်ဆေးခဲ့ရာ သောက်စားထားခြင်းမရှိသောကြောင့် သေဆုံးသူယာဉ်မောင်းထွန်းလင်းအောင်အား ကျောင်းကုန်းမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့်လူကိုထိခိုက်နာကျင်စေမှု (ပ)၇၁ / ၂၀၁၇ရာဇသတ်ကြီးဥပဒေပုတ်မ ၃၀၄-က /၃၃၇ တို့ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ကျောင်းကုန်းမြို့မရဲစခန်းမှသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဒေသခံဦးအေးလွန်ကတော့ "ကားကအရှိန်များတော့ ရှေ့ဘီးပေါက်တဲ့အခါမှာ အရှိန်မထိမ်းနိုင်ပဲ ဘေးကမလေးရှားပင်ကိုဝင်တိုက်မိတာပါ ကားကရှေ့ဘက်ခေါင်းကကြေသွားတယ် ကားကိုယ်ထည်ကတော့ ရွဲ့ဆောင်းသွားတယ် တိုက်မိတဲ့မလေးရှားပင်ကတော့ အပိုင်းလိုက်ပျက်သွားတယ် ကားထဲပါလာတဲ့ခရီးသည်တွေကို ကျောင်းကုန်းမြို့မှာရှိတဲ့ လူမှုကူညီးရေးအသင်းအဖွဲ့ကကားတွေနဲ့ မြို့နယ်ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်ဟု"ပြောသည်။

 ထက်ဝဠာမင်း

No comments:

Post a Comment