Latest News

Thursday, December 28, 2017

ဖျာပုံမြို့နယ်ချောင်းတွင်း ကျေးရွာအနီးအဝေးပြေးကားလမ်းမကြီးဘေး ကျူးကျော်တဲများရှိနေ

ဖျာပုံမြို့နယ်ချောင်းတွင်း ကျေးရွာအနီးအဝေးပြေးကားလမ်းမကြီးဘေး ကျူးကျော်တဲများရှိနေ
 
ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင် ဖျာပုံ မြို့တွင် ဖျာပုံ-ရန်ကုန်အဝေးပြေး ကား လမ်းမကြီးအားADBချေးငွေဖြင့် မအူပင်-ကျိုက်လတ်၊ ကျိုက်လတ်-ဖျာပုံ အထိသက်ဆိုင်ရာကုမ္ပဏီများမှ အဆင့် မြှင့်တင် ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာ အနီး ကားလမ်းမကြီးဘေးရှိ ကျူးကျော် တဲများကို  သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ  တာဝန်ရှိသူ များက စီမံကိန်းစတင်ဆောင်ရွက်သည့် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ရှင်းလင်း ဖယ်ရှားလျက်ရှိရာ  စည်းကမ်းလိုက်နာ သောကျူးကျော်တဲပိုင်ရှင်များက ဖယ် ရှားပေးခြင်းရှိခဲ့သော်လည်း၊ စည်းကမ်းလိုက်နာခြင်းမရှိသောကျူးကျော်တဲများ ကျန်ရှိနေသည်ကိုယနေ့အထိ တွေ့ မြင် နေရသည်။ စည်းကမ်းမဲ့ဆောက်လုပ်နေ ထိုင်လျက်ရှိ သော   ကျူးကျော်တဲများကို   ရှင်းလင်းဖယ်ရှားပေးရန်  လိုအပ်နေ ကြောင်း  သိရသည်။

'' ကျွန်တော်တို့ ဖျာပုံမြို့နယ်မှာ အဝေးပြေးကားလမ်းမကြီးကို သက်ဆိုင် ရာက အဆင့်မြှင့်တင် ပြုပြင်ပေးတဲ့အခါ မှာ လမ်းဘေးဝဲ၊ ယာမှာရှိတဲ့ ကျူးကျော် တဲတွေကို ရှင်းလင်းဖယ်ရှားပေးဖို့ အရေး ယူဆောင်ရွက်ခဲ့ပါတယ်၊ ဒီလိုအရေးယူဆောင်ရွက်တဲ့အခါမှာစည်းကမ်းလိုက် နာတဲ့သူတွေရှိသလို  စည်းကမ်းလိုက်နာ မှုမရှိတဲ့သူတွေက   အခုအချိန်အထိ ဖျက်သိမ်းပေးမှုမရှိဘဲ ကျူးကျော်နေထိုင် တဲ့အပြင် ထပ်မံတိုးချဲ့ကျူးကျော်နေထိုင် နေတာကို မြင်တွေ့နေရပါတယ်၊ စည်း ကမ်းလိုက်နာတဲ့သူတွေက  ဖယ်ရှားပေး ပြီး မလိုက်နာတဲ့သူတွေက   ဒီအတိုင်း နေမြဲတိုင်း ကျူးကျော်နေထိုင်တာတွေက နောင်ကာလမှာ   ပိုမိုများပြားလာမှာ ဖြစ်လို့  ယခုလက်ရှိကျူးကျော်တဲတွေ ကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့ တစ်ပြေး ညီအရေးယူဆောင်ရွက်ပေးသင့်ပါပြီ''ဟု  ချောင်းတွင်းကျေးရွာနေဒေသခံ တစ်ဦးက ပြောသည်။ (MMAL)

No comments:

Post a Comment