Latest News

Thursday, December 28, 2017

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်း အလုပ် သမားများအတွက် ​ငွေ​ကြေးများ​ပေးအပ်​လှုဒါန်း

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်း အလုပ် သမားများအတွက် ​ငွေ​ကြေးများ​ပေးအပ်​လှုဒါန်း

မြဝတီ    ဒီဇင်ဘာ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ထိုင်းနိုင်ငံမှအကြောင်းအမျိုး မျိုးကြောင့်ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအားကျွေးမွေးစရိတ်နှင့်အထွေထွေ ကုန်ကျမှုများအတွက်ငွေကျပ်သိန်းငါးဆယ် ( ၅၀၀၀၀၀၀ိ/) ကိုဒီဇင်ဘာ ၂၇ ရက်နေ့ ၊ နံနက် ၁ဝနာရီကမြဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင်ပေးအပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းငွေကျပ်သိန်း(၅ဝ)အား မြဝတီခရိုင်ကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးမှူးဦးတင်မောင်ဝေမှ လှူဒါန်း ပေးရာမြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးထူးလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုတို့ကလက်ခံရယူပေးခဲ့ပြီး မြဝတီပြန်လည်ကြိုဆို လက်ခံရေးစခန်းရန်ပုံငွေသို့ပေးသွင်းခဲ့ပါကြောင်းသိရသည်။

"ပြန်လည်ကြိုဆိုရေးစခန်းမှာထိုင်းနိုင်ငံကအကြောင်းအမျိုးကြောင့်ပြန်လာသူတွေကိုထမင်းကျွေးရသလိုသူတို့နေရပ် ပြန်ဖို့ကိုလည်းကြိုဆိုရေး စခန်းကတာဝန်ရှိသူတွေကအခမဲ့ဆောင်ရွက်ပေးပါ တယ်။ပြီးတော့ ကျန်းမာရေးကိစ္စတွေကိုလည်းဆောင်ရွက်ပေးနေပါတယ်။ဒီတော့ အထွေထွေကုန်ကျမှုတွေ၊လိုအပ်မှုတွေရှိ နေတဲ့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ် ရေးနဲ့ပြန်လည်နေရာချထားရေးဦးစီးဌာနကနေပြီးကျပ်သိန်း(၅ဝ)ကိုမြဝတီပြန် လည်ကြိုဆိုရေးစခန်းကိုလှူဒါန်းပေးတာ ပါ၊ဒါကိုကျွန်တော်ကမြဝတီ ခရိုင်အုပ်ချုပ် ရေးမှူးထံကိုဒီကနေ့လွှဲပြောင်းပေးအပ် လိုက်တာဖြစ်ပါတယ်" ဟုမြဝတီခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်မောင်ဝေကပြောသည်။ ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment